အစိုးရစက်မှုလက်မှုသိပ္ပံ (ပုသိမ်) နှင့် နည်းပညာအထက်တန်းကျောင်း (ပုသိမ်) တို့တွင် စာသင်ဆောင်၊ ဝန်ထမ်းအိမ်ရာနှင့် လမ်းများဆောက်လုပ်ခြင်း

October 8, 2020
Views: 152
Tender ID: 12675
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 9, 2020 - November 9, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

၁။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင်ရေးဦးစီးဌာနလက်အောက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (ပုသိမ်) နှင့် နည်းပညာအထက်တန်းကျောင်း (ပုသိမ်) တို့အတွက်အောက်ဖော်ပြပါ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

(၁) အစိုးရစက်မှုလက်မှုသိပ္ပံ (ပုသိမ်)

(က) စာသင်ဆောင် သံကူကွန်ကရစ် (၃) ထပ် (၁၉၂’ x ၃၈’) Plinth Level (5’)

(ခ) စာသင်ဆောင် သံကူကွန်ကရစ် (၂) ထပ် (၁၉၂’ x ၃၈’) Plinth Level (5’)

(ဂ) အရာထမ်း၊ ဝန်ထမ်းအိမ်ရာ သံကူကွန်ကရစ် (၄) ခန်းတွဲ (၄) ထပ် (၇၈’ x ၉၄’) Plinth Level (5’)

(ဃ) ခြံစည်းရိုးပေ ၄၀၀၀ Chain Link ၅' အမြင့် (အောက်ခြေ ၂၄" အမြင့် အုတ်ခုံတုံးအပါအဝင်)

(င) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၊ အရှည် ၁၅၀၀’ ၊ အကျယ် ၁၆’၊ ထု ၉” (ဖို့မြေအမြင့် (၃’)၊ ၉” အထူ ကျောက်ကြီးခင်းခြင်းလုပ်ငန်းအပါအဝင်

(၂) အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်)

(က) ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း (၁၆၀၀’ x ၁၄’ x ၆”) (၃’ အမြင့် မြေဖို့၍ လမ်း Level မြှင့်တင်ခြင်းနှင့် ဘယ်၊ ညာ ၃’ ၆” အမြင့် ၉” အုတ်ရိုး၊ ၁၆၀၀’ နှစ်ဖက်စီခြင်းအပါအဝင်)

(ခ) သံကူကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း (တံတားအကျယ် ၂၅’၊ အရှည် ၃၀’) 0.8 m Φ Bored pile 50’-60’၊ ကွန်ကရစ်ချဥ်းကပ်လမ်း၊ ၂၁၀' x ၂၅’ ကျယ် ၈” ထု (တံတားထိပ်တဖက်တွင် ဂိတ်တံခါးမကြီးအပါအဝင်)

၂။ တင်ဒါစတင်ရောင်းချမည့်ရက်/အချိန်    -           ၉-၁၀-၂၀၂၀ ရက်၊ နံနက် ၉ ၃၀ နာရီမှ ညနေ ၃ နာရီအထိ

တင်ဒါပိတ်မည့်ရက်/အချိန်                       -           ၉-၁၁-၂၀၂၀ ရက်နေ့ ၊ ညနေ ၄ နာရီ

အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) တွင် လာရောက်တင်သွင်းရမည်ဖြစ်သည်။

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းသောလုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို ဗဟိုဘဏ်မှ အသိအမှတ်ပြုထားသည့် ဘဏ်များတွင် ကျသင့်ငွေပေးသွင်းပြီး အစိုးရနည်းပညာအထက်တန်းကျောင်း (ပုသိမ်) ဘဏ္ဍာရေးဌာနတွင် တင်ဒါစပေါ်ပေးသွင်းချက်လက်မှတ်မူရင်းကိုပေးပြီး တင်ဒါပုံစံကို ဝယ်ယူနိုင်ပါသည်။ အိတ်ဖွင့်တင်ဒါပုံစံကို ငွေသွင်းချက်မိတ္တူနှင့်အတူ တင်သွင်းရမည်။

၄။ အသေးစိတ်သိရှိလိုပါက ကျောင်းအုပ်ကြီး ဖုန်း 09-258396881 ထံသို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပုသိမ်မြို့

 

 

Contact Information
Phone: 09-258396881
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us