ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း/ရုံးများတွင် တပ်ဆင်အသုံးပြုရန် သိပ္ပံပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများ၊ ပရိဘောဂများ ဝယ်ယူခြင်း

October 8, 2020
Views: 131
Tender ID: 12676
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ပရိဘောဂပစ္စည်းများ ငှားရမ်း၊ ရောင်းချခြင်း |
တင်ဒါကာလ: October 12, 2020 - November 10, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

၁။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အခြေခံပညာကျောင်း/ရုံးများတွင် တပ်ဆင်အသုံးပြုရန် သိပ္ပံပစ္စည်းများ၊ ရုံးသုံးစက်ပစ္စည်းများ၊ (သိပ္ပံခန်းနှင့် စာကြည့်တိုက်) သုံး ပရိဘောဂများ၊ ပရိဘောဂ (စာရေးခုံနိမ့်မြင့်) တို့အား Lot (၁၃) ခု ခွဲ၍ အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝယ်ယူလိုပါသဖြင့် မြန်မာနိုင်ငံသား လုပ်ငန်းရှင်ကုမ္ပဏီများထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။ တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်ရက် - ၁၂-၁၀-၂၀၂၀ ရက် (တနင်္လာနေ့)

Online မှ လျှောက်လွှာရောင်းချပါမည်။

တင်ဒါပိတ်မည့်ရက်/အချိန် - ၁၀-၁၁-၂၀၂၀ ရက် (အင်္ဂါနေ့) ၁၆:၃၀ နာရီ

တင်ဒါလျှောက်လွှာတင်သွင်းရမည့်နေရာ - တိုင်းဒေသကြီးပညာရေးမှူးရုံး၊ မဟာဗန္ဓုလလမ်း၊ ပုသိမ်မြို့

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းရန် အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ဧရာဝတီတိုင်းဒေသကြီးပညာရေးမှူးရုံး၊ ဖုန်း - ၀၄၂-၂၁၈၉၁၊ ၀၄၂- ၂၁၉၇၂ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။  ayeyarwadyreo.moe.edu.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us