ကွန်ပျူတာတက္ကသိုလ် (မအူပင်) တွင် ပင်မကျောင်းဆောင်၊ ဆရာ/မဆောင်၊ အားကစားခန်းမနှင့် စားသောက်ဆိုင်ခန်းများ ဆောက်လုပ်ခြင်း

October 8, 2020
Views: 113
Tender ID: 12681
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 7, 2020 - November 9, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

၁။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ် (မအူပင်) တွင် အောက်ဖော်ပြပါ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

(က) ၃ ထပ် ပင်မကျောင်းဆောင် RC (260’ x 160’) (80966 sqft)

(ခ) ၄ ခန်းတွဲ ၄ ထပ် ဆရာ/မ‌ဆောင် RC (100’ x 30’) နှင့် အဆောင်အဝင်လမ်း (100'x12'x8'')

(ဂ) ခြံစည်းရိုးအုတ်တံတိုင်း (3181’)

(ဃ) ဘက်စုံသုံးအားကစားခန်းမ (Steel structure)  (120'x88'x23') တည်ဆောက်ခြင်းလုပ်ငန်း (အဝင်လမ်း (100'x12'x8'')၊

(င) စားသောက်ဆိုင်ခန်း (၁) ထပ် RC (125’ x 35’)

၂။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် သတ်မှတ်တင်ဒါအာမခံကြေးကို အိတ်ဖွင့်တင်ဒါတင်သွင်းရမည့် ကွန်ပျူတာတက္ကသိုလ် (မအူပင်) တွင် ကျသင့်ငွေပေးသွင်းပြီး ငွေသွင်းပြေစာမိတ္တူကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍တင်သွင်းရမည်။

၃။ အိတ်ဖွင့်တင်ဒါနှင့်သက်ဆိုင်သည့် အသေးစိတ်သိရှိလိုသောအချက်အလက်များရှိပါက ကွန်ပျူတာတက္ကသိုလ် (မအူပင်) ဖုန်း - 045-30047, 09-684489600 တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us