မကွေးတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းများဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

October 9, 2020
Views: 137
Tender ID: 12776
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 15, 2020 - November 15, 2020
တည်နေရာ: မကွေးတိုင်းဒေသကြီး
Description
- :

ပညာရေးဝန်ကြီးဌာန

အဆင့်မြင့်ပညာဦးစီးဌာန

မကွေးတက္ကသိုလ်၊ မကွေးမြို့

တည်ဆောက်ရေးလုပ်ငန်းများဆောက်လုပ်ရန်အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် မကွေးတက္ကသိုလ်တွင် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများအတွက် တိုင်းရင်းသားလုပ်ငန်းရှင်ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

 

၁။ (၄၀၀) ဦးဆံ့ ၄ ထပ် ကျောင်းသူအိပ်ဆောင် (၁) လုံး ဆာက်လုပ်ခြင်း (၁၈၀’ x ၉၀’) (ရေမီးမိလ္လာအပါအဝင် အောက်ထပ်သံပန်းအပါအဝင်) စားရိပ်သာ (၁၆၀’ x ၄၀’ x ၁၂’) (၁) လုံး အပါအဝင် ၆” Tube Well (၁) ခု, Hp Submersible (၁) လုံး Pump House (၁၀’ x ၁၀’) (၁) လုံးနှင့် Gallon (၂၀၀၀၀) .Capacity Ground Tank (၁) လုံး အပါအဝင်)

၂။ (၆) ခန်းတွဲ ၄ ထပ် ဆရာ/မ အိမ်ရာ (၁) လုံး တည်ဆောက်ခြင်း (၂၉၉၅၂ စ/ပေ) RC (ရေမီးအပါအဝင်) (အောက်ထပ်သံပန်းအပါ)

၃။ ၄၀၀ V လိုင်းများအား Aluminium Over Head Space XLPE Covered ABC Arieal Bundle) Cable ကြိုးလဲလှယ်ခြင်း(၅) Miles

၄။ စာသင်ဆောင် (A,S) သို့ သွားသောလမ်းနှင့် ရွှေတမာ၊ ရွှေနံ့သာဆောင်မှ (A,S) စာသင်ဆောင်များသို့ သွားသောလမ်း ကွန်ကရစ်ခင်းခြင်း (၁၈၈၁’ x ၁၂’ x ၆”)

၅။ ကျောင်းသားအိပ်ဆောင်များ (မင်းလှ၊ ရေနံ့သာ၊ ဗိဿနိုး၊ စလေ) အဝင်လမ်းကွန်ကရစ်ခင်းခြင်း (၂၄၅၅’ ၁၄’ ၆”)

၆။ ယင်းမာဆောင်၊ ခွာညိုဆောင်၊ ဆရာမများဆောင် (၂) နှင့် တက္ကသိုလ်ဆေးရုံသို့သွားသောလမ်း၊ ကွန်ကရစ်ခင်းခြင်း (၁၄၁၀’ x ၁၄’ x ၆”)

၇။ ဖန်ခါး‌ဆောင် (၃) ‌ဆောင်သို့ လမ်းကွန်ကရစ်ခင်းခြင်း (၈၀၆’ x ၁၄’ x ၆”)

၈။ တက္ကသိုလ်လျှို့ဝှက်လုံခြုံရေးစခန်း ပြောင်းရွှေ့ဆောက်လုပ်ခြင်း

၉။ ဘောလုံးကွင်းနှင့် ဆက်စပ်လုပ်ငန်း

၂။ တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်       -           ၁၅-၁၀-၂၀၂၀ ရက်

တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်အချိန်          -           ရုံးချိန်အတွင်း

တင်ဒါပိတ်မည့်ရက်/အချိန်                                   -           ၁၅-၁၁-၂၀၂၀ ရက်၊ ညနေ ၄ နာရီ

တင်ဒါတင်သွင်းမည့်နေရာ                       -           အင်ဂျင်နီယာဌာန၊ မကွေးတက္ကသိုလ်၊ မကွေးမြို့

၃။ အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါဌာနများတွင် လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီးဌာန-ဖုန်း-၀၆၃-၂၈၀၁၃၁

မကွေးတက္ကသိုလ်၊ အင်ဂျင်နီယာဌာန - ဖုန်း -၀၉-၂၅၀၅၆၆၉၄၃၊ ၀၉-၂၅၆၁၅၃၈၄၁

တင်ဒါခေါ်ယူရေးနှင့် စိစစ်ရေးကော်မတီ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us