မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

October 9, 2020
Views: 56
Tender ID: 12778
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 15, 2020 - November 14, 2020
တည်နေရာ: မန္တလေးတိုင်းဒေသကြီး
Description
- :

မန္တ‌လေးတိုင်းဒေသကြီးအစိုးရအဖွဲ့

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်

တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် မန္တ‌လေးတိုင်းဒေသကြီးရှိ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် အောက်ဖော်ပြပါ တည်ဆောက်ရေး လုပ်ငန်းများဆောင်ရွက်ရန် ရှိပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

(က) (၁၆၀) ဦးဆံ့ ကျောင်းသားအိပ်ဆောင် (၂) ထပ် RC (ဆက်စပ်လုပ်ငန်းများအပါအဝင်) တလုံးတည်း တည်ဆောက်ခြင်းလုပ်ငန်း

(ခ) တက္ကသိုလ်၏ ရေနုတ်မြောင်းစနစ် (3200’ x 3’  11/2”) များ ပြုပြင်ခြင်းလုပ်ငန်း

(ဂ) ဘောလုံးကွင်း (330’ x 180’) တည်ဆောက်ခြင်းလုပ်ငန်း

(ဃ) ပင်မစာသင်ဆောင် ဦးခေါင်းပိုင်း အကြီးစားပြုပြင်ခြင်းလုပ်ငန်း

 

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၁၅-၁၀-၂၀၂၀) ရက်မှစ၍ ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို (၁၄-၁၁-၂၀၂၀)ရက် ညနေ (၄:ဝဝ) နာရီ နောက်ဆုံးထား၍ တင်ဒါများတင်သွင်းရမည်ဖြစ်ပါသည်။ အိတ်ဖွင့်တင်ဒါဖွင့်မည့်ရက်ကို ထပ်မံကြေညာပေးပါမည်။

 

၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ရုံးချိန်အတွင်း ဖုန်း-၀၉-၆၉၁၁၆၆၆၆၅ နှင့် ၀၉-၇၉၇၉၅၂၄၄၁ တို့သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

တင်ဒါကော်မတီ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us