သထုံမြို့နယ်၊ ပန်းတိန်ကန် ရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 20, 2020 - November 6, 2020
တည်နေရာ: မွန်ပြည်နယ်
Description
- :

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ တည်ဆောက်ရေး (၆)၊ လက်ထောက်ညွှန်ကြားရေးမှူး (၁) ရုံး၊ သထုံမြို့မှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ပန်းတိန်ကန် ရေထိန်းတံခါး တည်ဆောက်ခြင်းလုပ်ငန်း၏ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့အတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်/ကုမ္ပဏီများအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

တင်ဒါပုံစံရောင်းချမည့်ရက်          -           ၂၀-၁၀-၂၀၂၀ ရက်မှ ၂၃-၁၀-၂၀၂၀ ရက်၊ ညနေ ၃ နာရီအထိ

တင်ဒါတင်သွင်းရမည့်ရက်           -           ၃-၁၁-၂၀၂၀ ရက်မှ ၆-၁၁-၂၀၂၀ ရက်၊ ညနေ ၁၅ နာရီထိ

တင်ဒါပုံစံရောင်းချမည့်နေရာ        -           လက်ထောက်ညွှန်ကြားရေးမှူး (၁) ရုံး၊ တည်ဆောက်ရေး (၆)၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ သထုံမြို့

တင်ဒါဖွင့်လှစ်မည့်နေရာ              -           ညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့

၂။ တင်ဒါပုံစံဝယ်ယူရန်နှင့် တင်ဒါပုံစံတင်သွင်းရန် ကိစ္စရပ်များအတွက် လူကိုယ်တိုင်လာရောက်ရန် အခက်အခဲရှိပါက တင်ဒါပုံစံရယူခြင်းနှင့် တင်ဒါလျှောက်လွှာကြေးများ ပေးသွင်းခြင်းတို့အတွက် con6.ad@gmail.com သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

၃။ အသေးစိတ်အချက်အလက်များသိရှိလိုပါက အောက်ပါဖုန်းနံပါတ်များတွင် ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

ဖုန်း - ၀၉-၆၆၇၁၅၇၃၃၅၇၊ ၀၉-၇၈၈၉၀၀၀၇၆

တင်ဒါလက်ခံရေးနှင့် စိစစ်ရွေးချယ်ရေးကော်မတီ

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us