မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (ရန်ကုန်) မှ အဆောက်အဦတည်ဆောက်ခြင်းလုပ်ငန်းများ

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 15, 2020 - November 16, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီး၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အောက်မြန်မာပြည်ဌာနခွဲ၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဆောက်လုပ်ရေး (ငွေလုံးငွေရင်း) လုပ်ငန်းများဖြစ်သည့်

(က) လှည်းကူးမြို့နယ်တွင် (၄၀’ x ၂၇’) RC (၁) ထပ် ရုံးအဆောက်အအုံ (၁) လုံး ဆောက်လုပ်ခြင်း

(ခ) သန်လျင်မြို့နယ်တွင် (၄၀’ x ၂၇’) RC (၁) ထပ် ရုံးအဆောက်အအုံ (၁) လုံး ဆောက်လုပ်ခြင်း

(ဂ) ကျောက်တန်းမြို့နယ်တွင် (၄၀’ x ၂၇’) RC (၁) ထပ် ရုံးအဆောက်အအုံ (၁) လုံး ဆောက်လုပ်ခြင်း

(ဃ) ကျောက်တန်းမြို့နယ်တွင် ရုံးခြံစည်းရိုး (၉၂၄) ပေ၊ အမြင့် ၅ ပေ ရှိ ကျောက်ကြီးစီပြီး ကွန်ကရစ်တိုင်ချိန်းလင့်ဖြင့် ကာရံခြင်း၊ မြေဖို့ခြင်းအပါအဝင်

(င) ကိုကိုးကျွန်းမြို့နယ်၊ ရုံးခြံစည်းရိုး (၉၂၃) ပေ၊ အမြင့် ၅ ပေ ရှိ အုတ်တံတိုင်းကာရံခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ပါ၍ မြန်မာကျပ်ငွေဖြင့် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ပါသည်။

၂။ (က) တင်ဒါလျှောက်လွှာရောင်းချမည့်ရက်         -           ၁၅-၁၀-၂၀၂၀ ရက်

(ခ) တင်ဒါလျှောက်လွှာပိတ်မည့်ရက်                     -           ၁၆-၁၁-၂၀၂၀ ရက်၊ ညနေ ၄ နာရီ

(ဂ) တင်ဒါတင်သွင်းရမည့်နေရာ                           -           မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အောက်မြန်မာပြည်ဌာနခွဲ၊ ကမ္ဘာအေး၊ ရန်ကုန်မြို့

၃။ အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့်လုပ်ငန်းအတွက် သတ်မှတ်တင်ဒါအာမခံကြေးကို ဗဟိုဘဏ်မှအသိအမှတ်ပြုထားသည့် ဘဏ်များတွင်ကျသင့်ငွေပေးသွင်းပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ အောက်မြန်မာပြည်ဌာနခွဲတွင် တင်ဒါစပေါ်ငွေချက်လက်မှတ်ကို အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ တင်သွင်းရမည်။

၄။ အသေးစိတ်သိရှိလိုပါက တိုင်းဒေသကြီးတာဝန်ခံ ဖုန်း -၀၉-၇၉၁၆၃၂၇၂၅၊ ၀၁-၆၆၀၅၂၄ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းဝယ်ယူနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us