လားရှိုးခရိုင်၊ လမ်းဦးစီးဌာနမှ ဆောင်ရွက်မည့် လမ်း/တံတားလုပ်ငန်းများအတွက် ကတ္တရာ၊ ဒီဇယ်ဆီ၊ ကျောက်ရွယ်စုံနှင့် လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 26, 2020 - November 6, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

ရှမ်းပြည်နယ် (မြောက်ပိုင်း)လမ်းအထူးအဖွဲ့(၆)နှင့် လားရှိုးခရိုင်၊ လမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍားနှစ်အတွင်း ဆောင်ရွက်မည့် လမ်း/တံတား လုပ်ငန်းများအတွက် အသုံးပြုရန် လိုအပ်သော ကတ္တရာ၊ ဒီဇယ်ဆီ၊ ကျောက်ရွယ်စုံနှင့် လုပ်ငန်းသုံးပစ္စည်းများအား မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ လမ်းအလိုက် ၊ အပိုင်းအလိုက် လုပ်ငန်းခွင် အရောက် (မြန်မာ ကျပ်ငွေဖြင့်) ဝယ်ယူလိုပါသည်။

အိတ်ဖွင့်တင်ဒါ အမှတ်စဉ်-၁/၂၀၂၀-၂၀၂၁

၁။        တင်ဒါပုံစံရောင်းချမည့်ရက်  - ၂၆-၁၀-၂၀၂၀ရက်မှ ၆-၁၁-၂၀၂၀ ရက်အထိ၊  နံနက် (၉း၃၀)နာရီမှ (၁၆း၃၀)နာရီအထိ (ရုံးချိန်အတွင်း)

၂။         တင်ဒါပုံစံရောင်းချ/တင်သွင်းရမည့်နေရာ - ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းအထူးအဖွဲ့(၆)လမ်း ၊လမ်းဦးစီးဌာန၊ လားရှိုးမြို့၊ ဖုန်း-၀၈၂-၂၂၀၂၆၁၉

ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးရုံး လမ်းဦးစီးဌာန၊ လားရှိုးခရိုင်၊လားရှိုးမြို့၊ ဖုန်း-၀၈၂-၂၂၀၃၀၅၈

၃။        တင်ဒါပိတ်မည့်ရက်/အချိန်   - ၆-၁၁-၂၀၂၀ ရက် ၁၆း၃၀နာရီ

၄။        တင်ဒါဖွင့်မည့်ရက်/အချိန်    - ၉-၁၁-၂၀၂၀ ရက် နံနက် ၉း၃၀ နာရီ

၅။        တင်ဒါစီစစ်ရွေးချယ်မည့်နေရာ - ဒုတိယညွှန်ကြားရေးမှူး(မြိ့ပြ)ရုံး  လမ်းအထူးအဖွဲ့(၆)၊ လမ်းဦးစီးဌာန၊ လာရှိုးမြို့။

အသေးစိတ်အချက်အလက်များအား သိရှိလိုပါက ရုံးချိန်အတွင်း   ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စီစစ်ရေးကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us