ပျဥ်းမနားမူလတန်းကြိုကျောင်းဆောင် (၁) လုံး ဆောက်လုပ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 12, 2020 - November 12, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။       လူမှုဝန်ထမ်း ၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ၊ လူမှုဝန်ထမ်း ဦးစီးဌာန၊ ပြည်ထောင်စု နယ်မြေ ၊ နေပြည်တော် လူမှုဝန်ထမ်း ရုံး မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်ငွေလုံး ငွေရင်း ရန်ပုံငွေဖြင့် ပြည်ထောင်စု နယ်မြေ နေပြည်တော်တွင် အောက်ဖော်ပြပါ လုပ်ငန်းများအတွက် တင်ဒါ များ ဖိတ်ခေါ်အပ်ပါသည်။

(က)   ပျဉ်းမနား မူလတန်းကြိုကျောင်း(၉၀x၃၀x၂၄)ပေ (၂)ထပ်RC ကျောင်းဆောင် (၁) လုံး ဆောက်လုပ်ခြင်း (ရေ ၊ မီး ၊ မိလ္လာ (၂၀x၁၀x၁၂)ပေ၊ (၁၆x၁၀x၁၂) ပေ ရေအိမ်သာနှင့်    (၁၅x၂၀x၁၂)ပေ ပေါ်တီကို အပါအဝင် (၆၂၂၀ စတုရန်းပေ )

၂။         တင်ဒါ လျှောက်လွှာများနှင့်ပတ်သက်၍ အောက်ပါအစီအစဉ် အတိုင်းဆောက်ရွက်ပါမည်-

(က) တင်ဒါ ရောင်းချမည့်ရက်/အချိန်         - ၁၂-၁၀-၂၀၂၀ ရက်မှ ၁၆-၁၀-၂၀၂၀ အထိ

နံနက် ၉း၃၀ နာရီမှ ၁၆း၃၀ နာရီ အထိ (ရုံးချိန်အတွင်း)

(ခ) တင်ဒါ တင်သွင်းရမည့်ရက်/အချိန်       - ၃-၁၁-၂၀၂၀ ရက်မှ ၉-၁၁-၂၀၂၀ ရက်အထိ၊ နံနက် ၉း၃၀ နာရီမှ ၁၆း၃၀ နာရီ အထိ (ရုံးချိန်အတွင်း)

(ဂ) တင်ဒါ ရောင်းချ၊ တင်သွင်းရမည့်နေရာ - နေပြည်တော် လူမှုဝန်ထမ်းရုံး (နေပြည်တော် ကောင်စီဝင်းအတွင်း)

(ဃ) တင်ဒါ ဖွင့်ဖောက်မည့်ရက်               - ၁၂-၁၁-၂၀၂၀ ရက် နံနက် ၁၀း၀၀ နာရီ မှ   မွန်းတည့်  ၁၂း၀၀ အထိ

၃။        သတ်မှတ်ရက်ထက် ကျော်လွန်တင်သွင်းသည့်လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၄။         တင်ဒါ တင်သွင်းလိုသူသည် နေပြည်တော်လူမှု ဝန်ထမ်းရုံး၏ ဘဏ္ဍာရေး ဌာန တွင် ကျသင့်ငွေပေးသွင်းပြီး ပြေစာ မိတ္တူကို သတ်မှတ် တင်ဒါ ပုံစံနှင့် အတူ ပူးတွဲတင်သွင်းရမည်။

၅။         အသေးစိတ်အချက်အလက်များကို သိရှိလိုပါက နေပြည်တော်လူမှုဝန်ထမ်းရုံး  ဖုန်း-၀၆၇-၅၅၀၂၂၅၊ ၀၆၇-၅၅၀၀၂၅ သို့ ရုံးချိန် အတွင်း ဆက်သွယ် မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စီစစ်ရေးကော်မတီ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us