ဒိုက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်မည့် တည်ဆောက်‌ရေးလုပ်ငန်းများအတွက် (လုပ်ငန်း+ပစ္စည်း) တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: October 13, 2020 - November 10, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

၁။        ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်(၂၀၂၀ပြည့်နှစ် အောက်တိုဘာလမှ ၂၀၂၁ခု စက်တင်ဘာလအထိ) မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် တည်ဆောက်‌ရေးလုပ်ငန်းများအတွက် လိုအပ်လျက်ရှိသော လုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းတင်ဒါစနစ်ဖြင့်ဆောက်ရွက်မည့် လုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်အား မြန်မာ(ကျပ်)ငွေဖြင့် အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က)တင်ဒါအဆိုပြုလွှာ ရောင်းချမည့်ရက်                     -     ၁၃-၁၀-၂၀၂၀ရက် (အင်္ဂါနေ့) နံနက် ၁၀နာရီ

(ပစ္စည်း+လုပ်ငန်းတင်ဒါ)

(ခ) တင်ဒါလျှောက်လွှာ ပိတ်မည့်ရက်                          -     ၁၀-၁၁-၂၀၂၀ရက် (အင်္ဂါနေ့ )ညနေ ၄နာရီ

(ပစ္စည်း+လုပ်ငန်းတင်ဒါ)

(ဂ) ပစ္စည်းတင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်           -     ၁၀-၁၁-၂၀၂၀ရက် (အင်္ဂါနေ့ ) ညနေ ၄နာရီ

(ပစ္စည်း+လုပ်ငန်းတင်ဒါ)

(ဃ)ပစ္စည်းတင်ဒါဖွင့်လှစ်မည့်ရက်                              -     ၁၂-၁၁-၂၀၂၀ရက်(ကြာသပတေးနေ့) နံနက် ၁၀နာရီ

(င) လုပ်ငန်းတင်ဒါဖွင့်လှစ်မည့်ရက်                             -     ၁၆-၁၁-၂၀၂၀ရက် (တနင်္လာနေ့) နံနက် ၁၀နာရီ

(ဆ) အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်နေရာ                       -     မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့ရုံး၊ ဒိုက်ဦးမြို့နယ်

(ပစ္စည်း+လုပ်ငန်းတင်ဒါ)

၂။ တင်ဒါ‌လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ဒိုက်ဦးမြို့နယ် စည်ပင်သာယာ‌ရေးအဖွဲ့ရုံးတွင် ရုံးချိန်အတွင်း လာ‌ရောက်၀ယ်ယူတင်သွင်းနိုင်ပါသည်။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက ရုံးချိန်အတွင်းလူကိုယ်တိုင်ဖြစ်စေ၊ ‌အောက်ပါဖုန်းနံပါတ်များသို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ဒိုက်ဦးမြို့

ဖုန်း -၀၅၂-၄၀၀၁၁၊၀၉-၅၃၈၀၂၆၈

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us