ဖြူးချောင်းဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ဘိလပ်မြေ၊ သံချောင်းလုံး၊ ကျောက်စရစ်၊ သဲနှင့် အခြားဆောက်လုပ်ရေးပစ္စည်းများဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 12, 2020 - October 26, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

လှည်းကူးမိနယ်၊ တည်ဆောက်ရေး (၁)၊ ဆည်မြောင်းနှင့်‌ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင်‌ဆောင်ရွက်မည့် တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ဖြူးချောင်းဆည်ရေသောက်စနစ် တည်ဆောက်ခြင်းလုပ်ငန်းများ၌ အသုံးပြုရန်လိုအပ်လျက်ရှိသော ဘိလပ်မြေ၊ သံချောင်းလုံး၊ ကျောက်စရစ်၊ သဲ၊ မြေအုတ်၊ သစ် ၊ ၆'' ၉'' ကျောက်ကြီး၊ ခွဲကျောက်များကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသဖြင့် ပစ္စည်းပေးသွင်းသူများ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ပါကြောင်း ဖိတ်ခေါ်အပ်ပါသည်။

၁။ တင်ဒါပုံစံရောင်းချမည့်ရက်     -           ၁၂-၁၀-၂၀၂၀     ရက်မှ ၂၆-၁၀-၂၀၂၀ ရက်အထိ

၂။ တင်ဒါပိတ်မည့်ရက်/အချိန်      -          ၂၉-၁၀-၂၀၂၀ရက်၊ ညနေ(၄)နာရီ

၃။ တင်ဒါဖွင့်မည့်ရက်/အချိန်        -          ၅-၁၁-၂၀၂၀ရက်၊ နံနက်(၁၁:၀၀)နာရီ

၄။ တင်ဒါပုံစံရယူနိုင်မည့်နေရာ     -          ငွေစာရင်းဌာနစိတ်၊ ညွှန်ကြားရေးမှူးရုံး၊ တည်ဆောက်ရေး (၁)၊ လှည်းကူးမိ

၅။ တင်ဒါဖွင့်မည့်နေရာ                -           ကည်သာချမ်းမြဓမ္မာရုံ၊ တိုင်းဆည်မြောင်းရုံးဝင်း၊ ပဲခူးမိ။

မှတ်ချက်။ ။ လတ်တလောဖြစ်ပွားနေသည့် Covid 19 ရောဂါအခြေအနေကြောင့် ဖော်ပြပါရက်များ ပြောင်းလဲနိုင်ပါသည်။

တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို သိရှိလိုပါက ညွှန်ကြားရေးမှူးရုံး၊ တည်ဆောက်ရေး (၁)၊ လှည်းကူးမိ၊ ဖုန်းအမှတ်- ၀၉-၇၉၄၅၈၈၈၅၆၊ ၀၉-၂၅၂၃၃၄၁၇၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

တည်ဆောက်ရေး (၁)၊ လှည်းကူးမိ

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us