မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လှည်းကူးမြို့နယ်ဘဏ်ခွဲတွင် ပင်မအဆောက်အအုံနှင့် အခြားဆက်စပ်လုပ်ငန်းများဆောင်ရွက်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 13, 2020 - November 13, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ လှည်းကူးမြို့နယ်ဘဏ်ခွဲတွင် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရန် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က) ပင်မအဆောက်အအုံလုပ်ငန်း (၅၀'x ၄၀') RC (၁)ထပ် (ကောင်တာပြုလုပ်ခြင်း၊ မန်နေဂျာခန်း၊ ကွန်ပျတာခန်း၊ ငွေသိုလှောင်ခန်း (ငွေသိုလှောင်ခန်းတွင် အဆင့်မီ နိုင်ငံခြားဖြစ် (Strong Room & Vault Door) တပ်ဆင်ခြင်းနှင့် သံပန်းတံခါးတပ်ဆင်ခြင်း)၊ စတိုခန်းဖွဲ့စည်းခြင်း၊ ငွေကြေးခန်း  (၁၀'x၁၀') ဖွဲ့စည်းခြင်း၊ ပြတင်းပေါက်အားလုံးတွင် သံပန်းတပ်ဆင်ခြင်းနှင့် ရှေ့/နောက်ဝင်ပေါက်တို့တွင် သံပန်းတံခါးတပ်ဆင်ခြင်း၊ အဆောက်အဦအတွင်းပိုင်း ရေလိုင်း၊ မီးလိုင်းသွယ်တန်းခြင်း၊ မျက်နှာကြက်တပ်ဆင်ပေးခြင်း၊  Drain နှင့် Apron ပြုလုပ်ခြင်း၊ မြေညှိခြင်း၊ မြေဖို့ခြင်းလုပ်ငန်းအပါအဝင်)  

(ခ) (၂)ခန်းတွဲ အိမ်သာ(၁)လုံး လုပ်ငန်း

(ဂ) မိလ္လာကန်နှင့် ရေစစ်ကန်လုပ်ငန်း

(ဃ) အုတ်ရေကန် (၄'x၄'x၄') နှင့် ထု (၉'') လုပ်ငန်း

(င) စက်ရေတွင်း၊ ရေတင်မော်တာနှင့် ရေဂါလန် (၄၀၀)ဆံ့

(စ) ရှေ့အုတ်ဝင်းခြံ (၂၀၀') နှင့် (၁၂') သံပန်းတံခါးလုပ်ငန်း

(ဆ) ကျန်‌ဘေး (၂)ဖက် (၄၇၀') အုတ်ဝင်းခြံကာရံခြင်းလုပ်ငန်း

၂။ အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို (၁၃-၁၀-၂၀၂၀) ရက်မှစ၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ ရန်ကုန်တိုင်းဒေသကြီးဘဏ်ခွဲတွင် ရောင်းချမည်ဖြစ်ပြီး အိတ်ဖွင့်တင်ဒါများကို (၁၃-၁၁-၂၀၂၀)ရက်၊ ညနေ (၄:၀၀) နာရီ နောက်ဆုံးထား၍ တင်ဒါများတင်သွင်းရမည်ဖြစ်ပါသည်။

၃။ အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို ဖုန်း - (၀၁-၆၅၀၃၉၈) သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us