ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာနမှ စက္ကူ၊ မင်နှင့် ပုံနှိပ်ရေးပစ္စည်းများ ဝယ်ယူခြင်း

October 10, 2020
Views: 212
Tender ID: 12837
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စက်ရုံသုံးပစ္စည်းများနှင့် ကုန်ကြမ်းပစ္စည်းများ |
တင်ဒါကာလ: October 16, 2020 - December 15, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။     ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စက္ကူ၊ မင်နှင့် ပုံနှိပ်ရေးပစ္စည်းများအား ပြည်တွင်းကျပ်ငွေဖြင့် အောက်ပါအတိုင်း ဝယ်ယူလိုပါသည်။

(က) စက္ကူ

(ခ)    မင်

(ဂ)    ပုံနှိပ်ရေးပစ္စည်း

၂။      အိတ်ဖွင့်တင်ဒါများကို ၁၆-၁၁-၂၀၂၀ရက်မှ ၁၅-၁၂-၂၀၂၀ ရက်အထိနေ့စဉ် နံနက် ၉:၃၀နာရီမှ ၁၆:၀၀နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ရုံးအမှတ်(၇)၊နေပြည်တော်တွင် လာရောက်ထုတ်ယူနိုင်ပါသည်။

၃။        အိတ်ဖွင့်တင်ဒါများကို ၁၅-၁၂-၂၀၂၀ ရက်အထိနေ့စဉ် နံနက် ၉:၃၀နာရီမှ ၁၆:၀၀နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန၊ ၊ရုံးအမှတ်(၇)၊နေပြည်တော်ရှိ တင်ဒါအဖွဲ့ဝင်များရှေ့မှောက်၌လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ သတ်မှတ်ကာလထက်ကျော်လွန်သောတင်ဒါများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

၄။     အိတ်ဖွင့်တင်ဒါပုံစံ နှင့် အသေးစိတ်သိရှိလိုသောအချက်များရှိပါက ဖုန်း-၀၆၇-၄၁၂၃၇၄၊၀၆၇-၄၁၂၃၇၅သို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

တင်ဒါပုံစံများထုတ်‌ယူရန်လိပ်စာ                                                  တင်ဒါပုံစံများတင်သွင်းရန်လိပ်စာ

ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန                                                 ကုန်ကြမ်းပစ္စည်းများဝယ်ယူရေးနှင့်စီစစ်ရေးကော်မတီ

ပြန်ကြားရေးဝန်ကြီးဌာန                                                             ပြန်ကြားရေးဝန်ကြီးဌာန

ရုံးအမှတ်(၇)၊နေပြည်တော်                                                          ရုံးအမှတ်(၇)၊နေပြည်တော်

ဖုန်း-၀၆၇၃-၄၁၂၃၇၄၊၀၆၇၃-၄၁၂၃၇၅                                           ဖုန်း-၀၆၇၃-၄၁၂၃၇၄၊၀၆၇၃-၄၁၂၃၇၅

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us