အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်) အတွက် တည်ဆောက်ရေးလုပ်ငန်းများနှင့် စက်ပစ္စည်းကိရိယာများဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 15, 2020 - November 13, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။        အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုငွေဖြင့် ဆောင်ရွက်မည့်တည်ဆောက်ရေးစီမံကိန်းကို၊ဖြည့်စွက်လုပ်ငန်းစီမံကိန်းများနှင့် ဌာနပိုင်ပစ္စည်းများ ဝယ်ယူခြင်းဆောင်ရွက်ရန်  အတွက် အိတ်ဖွင့်တင်ဒါ ဖိတ်ခေါ်အပ်ပါသည်။

(က)      တည်ဆောက်ရေးစီမံကိန်းကို၊ဖြည့်စွက်လုပ်ငန်းစီမံကိန်းများ

(၁)       သံကူကွန်ကရစ်(၃)ထပ်ကျောင်းသားအိပ်ဆောင်တည်ဆောက်ခြင်းလုပ်ငန်း

(၂)        သံကူကွန်ကရစ်(၂)ထပ်စာသင်ဆောင်အပေါ်(၁‌)ထပ် ထပ်မံဖြည့်စွက်ဆောက်လုပ်ခြင်းလုပ်ငန်း

(၃)       စတူဒီယို အဆောက်အဦးအမိုးပိုင်းပြုပြင်ခြင်းလုပ်ငန်းနှင့် အသံလုံနံရံပြုပြင်မွမ်းမံခြင်းလုပ်ငန်း

(၄)       တက္ကသိုလ်မုခ်ဦးတည်ဆောက်ခြင်းနှင့် တက္ကသိုလ်အမည်စာတန်းတပ်ဆက်ခြင်းလုပ်ငန်း

(၅)       တက္ကသိုလ်ဂိတ်အမှတ်(၁)ဝဲ/ယြာ ခြံစည်းရိုးနှင့်ကံကော်ဆောင်အနောက်ဘက်ခြံစည်းရိုး အုတ်စီသံပန်းကာရံခြင်းလုပ်ငန်း

(ခ)       ဌာနပိုင်ပစ္စည်းများဝယ်ယူခြင်း

(၁)       ကဇာတ်ရုံသုံးနှင့် တုတ်လုပ်ဖျော်ဖြေ‌ရေး၊ လေ့ကျင့်သင်ကြားရေးသုံးပစ္စည်းများ

(၂)        စက်နှင့်စက်ကိရိယာတန်ဆာပလာပစ္စည်းများ

(၃)       ရုံသုံးစက်ကိရိယာများ ရုံးသုံးပရိဘောဂပစ္စည်းများ

၂။ တင်ဒါတင်သွင်းလွှာပုံစံများကို ၁၅-၁၀-၂၀၂၀ ရက်မှ ၁၃-၁၁-၂၀၂၀ရက်ထိရောင်ချမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များ၊စည်းကမ်းချက်များနှင့် တင်ဒါဖွင့်ဖောက်ရက်ကို တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ၊အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

အမျိုးသားယဉ်ကျေးမှုနှင့်အနုပညာတက္ကသိုလ်(ရန်ကုန်)

၁/ဈ အောင်ဇေယျလမ်း (၂၆)ရပ်ကွက်

ဒဂုံမြိုသစ်(တောင်ပိုင်း)မြို့နယ်၊ရန်ကုန်မြို့

ဖုန်း-၀၁-၅၉၀၂၅၃၊၀၉-၄၂၁၀၁၂၆၈၉

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us