ကယားပြည်နယ်၏တည်ဆောက်ရေးလုပ်ငန်းများအတွက် QA/QC နှင့် Engineering Consultant လုပ်ငန်း အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

October 11, 2020
Views: 676
Tender ID: 12904
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စစ်တမ်းကောက်ယူခြင်းနှင့် အကြံပေးလုပ်ငန်းများ |
တင်ဒါကာလ: October 12, 2020 - November 16, 2020
တည်နေရာ: ကယားပြည်နယ်
Description
- :

၁။     ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကယားပြည်နယ်  လမ်းပန်းဆက်သွယ်ရေးနှင့်လျှပ်စစ်ဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနနှင့်မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုး‌ရေးဦးစီးဌာနများ၏ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ‌ဆောင်ရွက်မည့် တည်ဆောင်‌ရေးလုပ်ငန်းများတွင် အရည်အသွေး စစ်ဆေးရေး (QA/QC)အဖွဲ့တာဝန်များပေးအပ် ဆောင်ရွက်ရန်ရှိပါသဖြင့်(QA/QC) နှင့် (Engineering Consultant) လုပ်ငန်းများသာသီးသန့်လုပ်ကိုင်သော မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။      (QA/QC)လုပ်ငန်းများအတွက် ဝန်ဆောင်ခအဖြစ် တင်ဒါအောင်မြင်သောလုပ်ငန်းတန်ဖိုး၏(၂%)ကိုပြည်နယ်အစိုးရမှ ပေးချေသွားမည်ဖြစ်ပြီး(QA/QC) နှင့် (Engineering Consultant)  ဆောင်ရွက်သူလုပ်ငန်းရှင်မှ မိမိလုပ်ကိုင်လိုသောLot များကို လွိုင်ကော်မြို့နယ်ရှိဖော်ပြပါ ဦးစီးဌာနများ၏ပြည်နယ်ရုံးများတွင် စုံစမ်း၍လျှောက်လွှာများဝယ်ယူ တင်သွင်းရန် ဖြစ်ပါသည်။

၃။     တင်ဒါလျှောက်ထားသူများကို စိစစ်ရွေးချယ်ရာတွင် တင်ပြသောအဖွဲ့အစည်း၏Profile, Performance, Experience, Power Point Presentationနှင့်Zoom Interviewရမှတ်များအပေါ်တွင် အခြေခံ၍ ရွေးချယ်သွားမည်ဖြစ်ပါသည်။

(က)   တင်ဒါလျှောက်လွှာရောင်းချမည့်ရက်                                    -     ၁၂-၁၀-၂၀၂၀ရက် (ရုံးချိန်အတွင်း)

(ခ)    တင်ဒါလျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်ရက် /အချိန်       -     ၁၆-၁၁-၂၀၂၀ရက် ညန ၄:၃၀နာရီ

(ဂ)    တင်ဒါဖွင့်ပွဲကျင်းပမည့်ရက် /အချိန်                                       -     အချိန်မီတင်ဒါတင်သွင်းပြီးသူများသို့ အကြောင်းကြားပါမည်။

(ဃ)  တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ                                               -     ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးလမ်းဦးစီးဌာန၊ လွိုင်ကော်မြို့ ကယားပြည်နယ်

၂။      တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို အသေးစိတ်သိရှိလိုပါက အောက်ဖော်ပြပါဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

တင်ဒါဗဟိုကော်မတီ

ဖုန်း-၀၈၃-၂၂၂၁၄၉၄၊ ၀၈၃-၂၂၂၁၀၀၈၊ ၀၈၃-၅၀၁၀၂

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us