တံတားတည်ဆောက်‌ရေးလုပ်ငန်းများအတွက် သံချောင်းလုံး (Reinforced Steel Bar ) အရွယ်စုံဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 14, 2020 - October 23, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

တင်ဒါအမှတ် -1T/ (C/RB)/ PROCUREMENT/ REINFORCED STEEL BAR/2020-2021

၁။        ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တံတားတည်ဆောက်‌ရေးလုပ်ငန်းများအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်အတွင်း လိုအပ်သော သံချောင်းလုံး (Reinforced Steel Bar ) အရွယ်စုံမက်ထရစ်တန် (၇၄၈၅) ကို ရန်ကုန်မြို့ရှိ တံတားလေးသိုလှောင်ဝင်းအရောင် မြန်မာကျပ်ငွေဖြင့် ဝယ်ယူလိုပါသည်။

၂။         တင်ဒါပုံစံစတင်ရောင်းချမည့်ရက်              -     ၁၄-၁၀-၂၀၂၀ ရက် (ရုံးချိန်အတွင်း)

၃။        တင်ဒါနမူနာနောက်ဆုံးပေးပို့ရမည့်ရက်    -     ၂၃-၁၀-၂၀၂၀ရက် ၁၆:၀၀နာရီ

၄။         တင်ဒါပိတ်မည့်ရက်နှင့်အချိန်                   -     ၂၃-၁၀-၂၀၂၀ရက် ၁၆:၀၀နာရီ

၅။        တင်ဒါဖွင့်မည့်ရက်                                  -     ၁၁-၁၁-၂၀၂၀ရက် (တင်ဒါဖွင့်လှစ်မည့်အချိန်အားအကြောင်းကြားပါမည်။)

၆။        တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များအား သိရှိလိုပါက ‌အောက်ပါလိပ်စာတွင်ရုံးချိန်အတွင်း လာရောက်စုံစမ်းဝယ်ယူနိုင်ပါသည်။

၇။     သတ်မှတ်ရက်ထက်ကျော်လွန်တင်သွင်းသည့်လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

တင်ဒါရွေးချယ်စိစစ်ရေးကော်မတီ

တံတားဦးစီးဌာန၊ဖြည့်တင်းရေးဌာနခွဲ

ဖုန်း-၀၉-၈၆၃၄၅၃၄၊ ၀၆၇-၄၀၇၄၅၂

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us