မိုင်းဆတ်ခရိုင်လမ်းဦးစီးဌာနအတွင်းရှိ လမ်းအထူးအဖွဲ့(၃)နှင့် မြို့နယ်များမှ ဆောင်ရွက်မည့် လမ်း၊တံတားလုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများနှင့် ဝန်ဆောင်မှုများရယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: November 3, 2020 - November 16, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။        ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လမ်းဦးစီးဌာန၊ မိုင်းဆတ်ခရိုင် အတွင်းရှိ လမ်းအထူးအဖွဲ့(၃)နှင့် မြို့နယ်များမှ  ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/ပြည်နယ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လမ်း၊တံတားလုပ်ငန်းများအတွက် အသုံးပြုရန်လိုအပ်လျက်ရှိသော လုပ်ငန်းသုံးပစ္စည်းများနှင့်ဝန်ဆောင်မှုများကို သက်ဆိုင်ရာလမ်းပိုင်းအလိုက် လုပ်ငန်းခွင်အရောက်  မြန်မာ(ကျပ်)ငွေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(က)      တင်ဒါပုံစံစတင်ရောင်းချမည့်ရက်              -     ၃-၁၁-၂၀၂၀ ရက်မှ ၁၆-၁၁-၂၀၂၀ ရက်အထိ (ရုံးချိန်အတွင်း)

(ခ)       တင်ဒါပုံစံရောင်းချမည့်နေရာ                   -     လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး လမ်းဦးစီးဌာန၊ မိုင်းဆတ်မြို့

(ဂ)       တင်ဒါပိတ်မည့်ရက်နှင့်အချိန်                   -     ၁၇-၁၁-၂၀၂၀ ရက် ၁၆:၀၀နာရီ

(ဃ)      တင်ဒါဖွင့်မည့်ရက်/အချိန်                        -     ၁၈-၁၁-၂၀၂၀ ရက်နံနက် ၁၀:၀၀နာရီ

(င)       တင်ဒါဖွင့်မည့်နေရာ                               -           လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး လမ်းဦးစီးဌာန၊ မိုင်းဆတ်ခရိုင် မိုင်းဆတ်မြို့။

၂။       အသေးစိတ် သိရှိလိုပါက ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ လမ်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး မိုင်းဆတ်မြို့သို့ ရုံးချိန်အတွင်းဖုန်း-၀၈၄-၆၀၂၁၉သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us