မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင်အသုံးပြုရန်အတွက် နိုင်ငံခြားစက္ကူဖြူ စုစုပေါင်း (၂၀၀၀၀) ထုပ် ဝယ်ယူခြင်း

October 12, 2020
Views: 155
Tender ID: 12982
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြားလုပ်ငန်းများ |
တင်ဒါကာလ: October 12, 2020 - November 11, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။        ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊  မြန်မာနိုင်ငံစာစစ်ဦးစီးဌာနတွင်အသုံးပြုရန်အတွက် အောက်ဖော်ပြပါပစ္စည်းများကို မြန်မာ(ကျပ်)ငွေဖြင့် ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(က)27ˊˊ×34ˊˊ (70gsm)ရွက်ရေ (၅၀၀)ပါ (နိုင်ငံခြားစက္ကူဖြူ)၊ (၁၆၀၀၀)ထုပ်

          (ခ) 24ˊˊ× 34ˊˊ (70gsm)ရွက်ရေ (၅၀၀)ပါ (နိုင်ငံခြားစက္ကူဖြူ)၊ (၄၀၀၀)ထုပ်

၂။         တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင်လာရောက်စုံစမ်းဝယ်ယူနိုင်ပါသည်။ လာရောက်ဝယ်ယူရာတွင် ကုမ္မဏီတစ်ခုလျှင် ကိုယ်စားလှယ်တစ်ဦးသာ Covid-19ကမ္ဘာ့ကပ်ရောဂါဆိုင်ရာအကာအကွယ် (Mask Face Shield)များဝတ်ဆင်၍ လာရောက်ဝယ်ယူပေးပါရန် မေတ္တာရပ်ခံပါသည်။

(က)   တင်ဒါပုံစံရောင်းချမည့်ရက်             -     ရုံးဖွင့်ရက် (၁၂-၁၀-၂၀၂၀)မှ (၁၁-၁၁-၂၀၂၀)ထိ

(ခ)    တင်ဒါပုံစံတင်သွင်းရမည့်ရက်          -     ရုံးဖွင့်ရက် (၁၂-၁၀-၂၀၂၀)မှ (၁၁-၁၁-၂၀၂၀)ထိ

(ဂ)    တင်ဒါပုံစံရောင်းချမည်အချိန်           -     ရုံးဖွင့်ရက် ၁၀:၀၀နာရီ မှ ၁၆:၀၀နာရီ အထိ

(ဃ)   တင်ဒါပုံစံရောင်းချမည်နေရာ           -         မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးအမှတ်(၅၂)၊ရှေ့အဝင်ဂိတ်

၃။        တင်ဒါပုံစံများကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ အင်တာနက်စာမျက်နှာ www.myanmarexam.org တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ အသေးစိတ်အချက်အလက်များအား သိရှိလိုပါက ဖုန်း - ၀၆၇-၃၄၃၀၁၆၈ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါရွေးချယ်စိစစ်ရေးကော်မတီ

မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ရုံးအမှတ်(၅၂) ၊နေပြည်တော်

 

 

 

Contact Information
Website:
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us