ကျိုက်မရောမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်းများဖောက်လုပ်ရန် တင်ဒါခေါ်ယူခြင်း

October 12, 2020
Views: 244
Tender ID: 13010
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 12, 2020 - November 12, 2020
တည်နေရာ: မွန်ပြည်နယ်
Description
- :

ကျိုက်မရောမြို့နယ်တွင် ဖွံ့ဖြိုးမှုအထောက်အပံ့ ရန်ပုံငွေ အစီအစဉ်ဖြင့်ဆောင်ရွက်မည့်တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူလိုပါသည်။ အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ဝယ်ယူသည့်ဌာန - ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်မရောမြို့

တာဝန်ခံအရာရှိ - ဒေါ်ဆွေဆွေနွယ် ဦးစီးအရာရှိ (မြို့ပြ) ဖုန်း-၀၉-၄၀၂၇၆၀၆၅၅

တည်ဆောက်မှုလုပ်ငန်းဖော်ပြချက်

  • -ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း
  • -လွှစင်ကုန်း-ကော့ခလိန် (၁/၄.၄ မိုင်×၁၂ˊ×အကျယ် ၇ˊˊ အထု)
  • -လမ်းပခုံး တစ်ဘက် ၃ˊ အကျယ်

တည်ဆောက်မည့်နေရာ - လွှစင်ကုန်း-ကော့ခလိန်၊ ကျေးရွာအုပ်စု၊ ကျိုက်မ‌ရောမြို့။

အရည်အသွေးစံချိန်စံညွှန်းများ

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ နှင့် ကိုက်ညီစေရန် ကုမ္မဏီမှတာဝန်ယူ၍ အစစ်ဆေးခံပြီးတင်သွင်းပေးရမည်။

ဝယ်ယူမူနည်းလမ်း -အကြီးစားဝယ်ယူမှု

အရည်အချင်းသတ်မှတ်ချက်များ

  • -ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကုမ္မဏီဖြစ်ရမည်။
  • -လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၂) နှစ်ရှိရမည်။
  • -အရည်အချင်းမီ အင်ဂျင်နီယာဝန်ထမ်းများရှိရမည်။
  • -အလားတူ ကန်ထရိုက် အနည်းဆုံး(၂)ခုကို ဆောက်ရွက်ဖူးရမည်။
  • -ဘဏ္ဍာရေးတည်ငြိမ်မှုရှိရမည်။
  • -၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ဝင်ငွေခွန်နှင့်ကုန်သွယ်လုပ်ငန်းများပေးဆောင်ထားရမည်။
  • -တင်ဒါစာရွက်စာတမ်းထဲရှိ အခြားလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရမည်။

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေးဝယ်ယူနိုင်မည့်နေရာ

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ရန်မျိုးအောင်ရပ်ကွက်-၄၊ ကျိုက်မရောမြို့

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေးဝယ်ယူနိုင်မည့်အချိန်

၁၂-၁၀-၂၀၂၀ ရက်မှ ၁၂-၁၁-၂၀၂၀ ရက်အထိ ရုံးဖွင့်ရက် နံနက် ၉:၃၀နာရီမှ ညနေ ၁၆:၀၀နာရီထိ

တင်ဒါစာရွက်စာတမ်းကျသင့်ငွေ - ၁၀၀၀၀ကျပ်

တင်ဒါတင်သွင်းရမည့်နေရာ    -        မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရန်မျိုးအောင်ရပ်ကွက်-၄၊ ကျိုက်မရောမြို့

တင်ဒါတင်သွင်းရမည့် သတ်မှတ်ထားသော နောက်ဆုံးအချိန် -        ၁၃-၁၁-၂၀၂၀ ရက် နံနက် ၁၀:၀၀ နာရီ

ဒေါ်ဆွေဆွေနွယ် ဦးစီးအရာရှိ (မြို့ပြ)

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျိုက်မရောမြို့

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us