လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့မှ ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို အခြေခံရည်ညွှန်းစျေးနှုန်းဖြင့် ဝယ်ယူရန် တင်ဒါအဆိုပြုလွှာဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စားသောက်ကုန်နှင့် အထွေထွေ ကုန်ပစ္စည်းများ |
တင်ဒါကာလ: October 14, 2020 - October 28, 2020
Description
- :

၁။        တောင်သူလယ်မားအခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့သည် တောင်သူလယ်မား အခွင့်အရေးကာကွယ်ရေးနှင့်အကျိုးစီးပွားမြှင့်တင်ရေးဥပဒေပါပြဌာန်းချက်များနှင့်အညီ ၂၀၂၀ -၂၀၂၁ မိုးစပါးနှင့် နွေစပါးတို့ကို စပါးသီးနှံစိုက်ပျိုးထုတ်လုပ်သောတောင်သူလယ်သမားတို့တင့်သင့်မျှတသော စျေးကွက်နှင့်စျေးနှုန်းများ ဖြစ်ပေါ်စေရေးအတွက် ˊˊအစိုဓါတ် (၁၄%) ရှိ၍ အဖျင်း၊ အမှုန်၊ ဖုန်၊ သဲ ကင်းစင်ပြီး အရည်းအသွေးဆိုင်ရာ သတ်မှတ်စံချိန်စံညွှန်းများနှင့်ကိုက်ညီသည့် တစ်တင်းလျှင် (၄၆ )ပေါင် ကိုက် စပါးတင်း (၁၀၀) ၏ အခြေခံရည်ညွှန်းစပါးစျေးနှုန်းကို ငွေ (ငါးသိန်းနှစ်သောင်း)ကျပ် ဖြင့် သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။         သို့ဖြစ်ပါ၍ လယ်ယာထုတ်ကုန်စီမံရေးအဖွဲ့ တိုင်းဒေသကြီး/ ပြည်နယ် စပါးဆန် ဝယ်ယူရေး ကြီးကြပ်မှုလုပ်ငန်းအဖွဲ့များမှ ၂၀၂၀ ပြည့်နှစ်ထွက် မိုးစပါးများကို အောက်ဖော်ပြပါဒေသများတွင် သတ်မှတ်ထားသောစည်းကမ်းချက်များနှင့်အညီအခြေခံရည်ညွှန်းစပါးစျေးနှုန်းဖြင့် တောင်သူလယ်သမားများထံမှ စပါးများဝယ်ယူမည်ဖြစ်ပါ၍ စပါးဝယ်ယူလိုသည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်အပ်ပါသည်။

(က) ရန်ကုန်တိုင်းဒေသကြီး (၁၀)မြို့နယ်

ခရမ်း၊ သုံးခွ၊တိုက်ကြီး၊ ကျောက်တန်း၊ကော့မှူး၊ကွမ်းခြံကုန်း၊ လှည်းကူး၊သန်လျင်၊ ထန်းတပင် ၊တွံတေး။

(ခ )ဧရာဝတီတိုင်းဒေသကြီး (၂၆ )မြို့နယ်

ပုသိမ်၊ ကန်ကြီးထောင့်၊  သာပေါင်း၊ငပုတော၊ကျုံပျော် ရေကြည် ကျောက်တန်း ဟင်္သတ ဇလွန် လေးမျက်နှာ မြန်အောင် ကြံခင်း အင်္ဂပူ မြောင်းမြ အိမ်မဲ ဝါးခယ်မ လပ္ပတ္တာ ​မော်ကျွန်း မမုပင် ပန်းတနော် ညောင်တုန်း ဓနုဖြူ ဖျာပုံ ဘိုကလေး ကျိုက်လတ် ဒေးဒရဲ

(ဂ) ပဲခုးတိုင်းဒေသကြီး (၂၈) မြို့နယ်

ပဲခူး သနပ်ပင် ကဝ ဝေါ ညောင်လေးပင် ကျောက်တံခါး ဒိုက်ဦး ရွှေကျင် တောင်ငူ ရေတာရှည် ကျောက်ကြီး ကျောက်ကြီး ဖြူး အုတ်တွင်း ထန်းတပင် ပေါက်ခေါင်း ပြည်  ပန်းတောင်း ပေါင်းတည် သဲကုန်း ရွှေတောင် သာယာဝတီ လက်ပံတန်း မင်းလှ အုတ်ဖို ဇီးကုန်း နတ္တလင်း မိုးညို ကြို့ပင်ကောက်။

(ဃ) တနင်္သရီတိုင်းဒေသကြီး (၇) မြို့နယ် 

ထားဝယ်  လောင်းလုံ သရက်ချောင်း ရေဖြူ မြိတ် တနင်္သရီ ပုလော မြောက်ဦး ကျောက်တော် မင်းပြား ပုဏ္ဏားကျွန်း ပေါက်တော

(င)ရခိုင်ပြည်နယ် (၅ )မြို့နယ် 

မြောက်ဦး ကျောက်တော် မင်းပြား ပုဏ္ဏားကျွန်း ပေါက်တော

 

၃။       တင်ဒါပုံစံနှင့်စည်းကမ်းချက်များရောင်းချမည့်နေရာ

(က)     အိတ်ဖွင့်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ၁၄ -၁၀ -၂၀၂၀ ရက်မှ ၂၈ -၁၀ -၂၀၂၀ ရက်အထိ နေ့စဉ် ၉ C၃၀ နာရီမှ ၁၆ :၃၀ နာရီ အထိရောင်းချပါမည်။

(ခ)       အိတ်ဖွင့်တင်ဒါပုံစံနှင့် တင်ဒါစည်းကမ်းချက်များကို စားသုံးသူရေးရာဦးစီးဌာန၊တိုင်းဒေသကြီး ပြည်နယ်ဦးစီးမှူးရုံး ရန်ကုန်တိုင်းဒေသကြီး ဧရာဝတီတိုင်းဒေသကြီး ပဲခူးတိုင်းဒေသကြီး တနင်္သရီတိုင်းဒေသကြီး ရခိုက်ပြည်နယ် များတွင် ရောင်းချပါမည်။

(ဂ)       အိတ်ဖွင့်တင်ဒါစည်းကမ်းချက်များနှင့်ပုံစံများကို တစ်စုံလျှင် ကျပ် ၁၀၀၀၀ (ကျပ်တစ်သောင်းတိတိ) ဖြင့် ရောင်းချသွားမယ်ဖြစ်ပါသည်။

၄။         အိတ်ဖွင့်တင်ဒါပေးသွင်းရမည့်နေရာ နေ့ရက်နှင့်အချိန်။ တင်ဒါအဆိုပြုလွှာမျကို ၂၈-၁၀ -၂၀၂၀ ရက် ညနေ ၄:၀၀နာရီ နောက်ဆုံးထား သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်စပါးဆန် ဝယ်ယူရေးကြီးကြပ်ကွပ်ကဲမှုလုပ်ငန်းအဖွဲ့များထံ တင်သွက်းနိုင်ပြီး တင်ဒါအောင်မြင်သူများကို ၆-၁၁-၂၀၂၀ ရက်တွင် ကြော်ငြာပြီး ရက်သတ္တ တစ်ပတ်အတွင်း စာချုပ်ချုပ်ဆိုဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

တင်ဒါလက်ခံစိစစ်ရေးကော်မတီ

လယ်ယာထုတ်ကုန်စီမံခန့်ခွဲရေးအဖွဲ့

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us