ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် အဝီစိတွင်းတူးဖော်ခြင်းနှင့် ကွန်ကရစ်လမ်းများပြုလုပ်ခြင်းလုပ်ငန်း

October 12, 2020
Views: 178
Tender ID: 13015
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | အခြား တည်ဆောက်ရေး လုပ်ငန်းများ |
တင်ဒါကာလ: October 12, 2020 - November 10, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။        ပြည်ထောင်စုရာထူးဝန်အဖွဲ့၊  ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် အောက်ဖော်ပြပါ တည်ဆောင်ရေးလုပ်ငန်း (၂)မျိုးကို ဆောင်ရွက်လိုပါသဖြင့်  မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်-

စဉ်      လုပ်ငန်းအမည်

(က)    4" အဝီစိတွင်း (600')အနက်တူးဖော်ခြင်း 3Hp Submersible Pump with Starter (Italy)နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းလုပ်ငန်း

(ခ)     ကွန်ကရစ်လမ်း (၁၀၀၀'× ၁၂'× ၉ ")ခင်းခြင်းလုပ်ငန်း (လမ်းနှစ်ဖက် အုတ်ရေမြောင်း အနက် ၂' ၃" ၊ အကျယ် ၂' ၆" လုပ်ငန်းအပါအဝင်)

၂။        အိတ်ဖွင်တင်ဒါပုံစံနှင့် စည်းကမ်းချက်များကို ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည် )တွင် ၁၂-၁၀-၂၀၂၀ရက် (တနင်္လာနေ့)မှ  ၁၀-၁၁-၂၀၂၀ ရက် (အင်္ဂါနေ့) အထိ ရုံးချိန်အတွင်း လုပ်ငန်းတစ်မျိုးချင်းအလိုက် လျှောက်လွှာတစ်စောင်လျှင် ငွေကျပ် ၅၀၀၀/-(ကျပ်ငါးသောင်းတိတိ ) ဖြင့်ရောင်းချသွားမည်ဖြစ်ပါသည်။

၃။         အိတ်ဖွင့်တင်ဒါလျှောက်လွှာများကို ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ဂိတ်အမှတ်(၂)တွင် ၁၁-၁၁-၂၀၂၀ရက်  (ဗုဒ္ဓဟူးနေ့)၁၁:၀၀ နာရီ နောက်ဆုံးထားလက်ခံမည်ဖြစ်ပါသည်။

၄။         အိတ်ဖွင့်တင်ဒါတင်သွင်းလိုသူသည် မိမိတင်သွင်းလိုသည့် လုပ်ငန်းတစ်မျိုးချင်းအလိုက် သတ်မှတ်တင်ဒါအာမခံကြေး (တင်ဒါတန်ဖိုး၏၁ရာခိုင်နှုန်း)ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှအသိအမှတ်ပြုထားသည့် ဘဏ်တစ်ခုခုတွင် တင်သွင်း၍ ပေးသွင်းပြီးဖြစ်ကြောင်း Payment Order မူရင်းနှင့် မိတ္တူ (၁) စောင်ကို သတ်မှတ်အိတ်ဖွင့်တင်ဒါပုံစံနှင့်အတူ ပူးတွဲ၍တင်သွင်းရမည်။

၅။         အသေးစိတ်အချင်အလက်များကို သိရှိလိုပါက ဗဟိုဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ဖုန်း -၀၁-၈၆၂၆၀၆၇၊ ၀၁-၈၆၂၆၀၆၈ တို့သို့ဖြစ်စေ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

ပြည်ထောင်စုရာထူးဝန်အဖွဲ့

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us