စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း (၁၂) မြို့နယ်တွင် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 15, 2020 - November 13, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံးမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် အောက်ပါတည်ဆောက်ရေး လုပ်ငန်းများအတွက် တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(က) စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့ပေါင်း (၁၂) မြို့တွင် ဝန်ထမ်းအိမ်ရာအဆောက်အဦ (၄)ခန်း တွဲ (၄)ထပ်(၁၀)လုံး၊ (၄)ခန်းတွဲ (၃)ထပ်(၁)လုံး၊ (၂)ခန်းတွဲ (၂)ထပ်(၁)လုံးနှင့် တိုင်းရုံး (၂) ထပ် (၁) လုံး တည်ဆောက်ရန်။

၂။ အိတ်ဖွင့်တင်ဒါများကို အောက်ပါအစီအစဥ်အတိုင်း တင်သွင်းရန် ဖြစ်ပါသည်။

(က) တင်ဒါလျှောက်လွှာရောင်းချမည့်နေ့ရက်နှင့်နေရာ       -           ၁၅-၁၀-၂၀၂၀ ရက်မှ ၁၃-၁၁-၂၀၂၀ ရက်ထိ၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန

(ခ) တင်ဒါလျှောက်လွှာလက်ခံမည့်နေ့ရက်/နေရာ       (A + B) စာအိတ်        -           ၁၀-၁၂-၂၀၂၀ (နံနက် ၉ ၃၀ နာရီ)၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး , မုံရွာမြို့

(ဂ)  B စာအိတ်စစ်ဆေးခြင်း - ၁၁-၁၂-၂၀၂၀ (သောကြာနေ့) (နံနက် ၉ ၃၀ နာရီ)၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး , မုံရွာမြို့

(ဂ) တင်ဒါဖွင့်ပွဲကျင်းပမည့်နေ့ရက်/နေရာ                          -           ၁၄-၁၂-၂၀၂၀ (တနင်္လာနေ့)၊ ဘက်စုံသုံးခန်းမ၊ တိုင်းဒေသကြီးအဖွဲ့ရုံး၊ မုံရွာမြို့

၃။ တင်ဒါလျှောက်လွှာပုံစံ၊ တင်ဒါစည်းမျဥ်းစည်းကမ်းချက်များနှင့်ပတ်သတ်၍ စစ်ကိုင်းတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးရုံး၊ စည်သူလမ်း၊ နဝန်ရပ်ကွက်၊ မုံရွာမြို့တွင် ဝယ်ယူရမည်ဖြစ်ပြီး အသေးစိတ်အချက်အလက်များကို သိရှိလိုပါက ဖုန်း-၀၇၁-၂၄၈၇၂ သို ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

၁၃ အောက်တိုဘာ ၂၀၂၀ ပြည့်နှစ်ထုတ် ကြေးမုံသတင်းစာ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us