လပ္ပတ္တာခရိုင်လက်အောက်ခရိုင် လမ်းဦးစီးဌာနများမှ ဆောင်ရွက်မည့် လုပ်ငန်းများအတွက် လုပ်ငန်းသုံးပစ္စည်းများဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 21, 2020 - November 12, 2020
တည်နေရာ: ဧရာဝတီတိုင်းဒေသကြီး
Description
- :

၁။        ဧရာဝတီတိုင်းဒေသကြီး လပ္ပတ္တာခရိုင်လက်အောက်ခရိုင် လမ်းဦးစီးဌာနများမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင်ရရှိသော  ပြည်ထောင်စု/ တိုင်းဒေသကြီး ငွေလုံးငွေရင်းနှင့် ပြင်ဆင်ထိန်းသိမ်းခြင်းရန်ပုံငွေဖြင့် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် အသုံးပြုရန်လိုအပ်သော ပစ္စည်းများကို သက်ဆိုင်ရာလုပ်ငန်းခွင်အရောက် (မြန်မာကျပ်ငွေဖြင့်) ဝယ်ယူလိုပါသဖြင့် ပစ္စည်းပေးသွင်းလိုသူများ တင်ဒါပေးသွင်းနိုင်ပါကြောင်း ဖိတ်ခေါ်ကြော်ငြာအပ်ပါသည်။

၂။         လိုအပ်သည့် ပစ္စည်းအမျိုးအစား၊အရေအတွက်၊ ဝယ်ယူလိုသည့် အသေးစိတ်စာရင်းနှင့် တင်ဒါစည်းကမ်းသတ်မှတ်ချက်များကို လပ္ပတ္တာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၏ ကြော်ငြာသင်ပုန်းတွင် ၂၁-၁၀-၂၀၂၀ ရက်မှစတင်၍ ဖော်ပြထားမည်ဖြစ်ပါသည်။

တင်ဒါပိတ်မည့်နေ့ရက်/အချိန်                  -    ၂၅-၁၁-၂၀၂၀ (ညနေ ၃ နာရီ)

တင်ဒါဖွင့်မည့်နေရာ                                -     လပ္ပတ္တာခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာန၊လပ္ပတ္တာမြို့သစ် (၃)မိုင်

တင်ဒါဖွင့်မည့်နေ့ရက်/အချိန                    -     ၂၆-၁၁-၂၀၂၀ (နံနက် ၉ နာရီ ၃၀ မိနစ်)

၃။        တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို အထက်ဖော်ပြပါဌာနတွင် ၂၁-၁၀-၂၀၂၀ရက်မှစတင်၍ ရုံးချိန်အတွင်း ဝယ်ယူစုံစမ်းနိုင်ပါသည်။

တင်ဒါစိစစ်ရွေးချယ်‌ရေးအဖွဲ့

လပ္ပတ္တာခရိုင်

လမ်းဦးစီးဌာန

ဖုန်း-၀၄၂၈၃၀၄၇

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us