စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ်(၃၇)မြို့နယ်တွင် ဆောင်ရွက်မည့်လမ်း/တံတားလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 16, 2020 - November 16, 2020
Description
- :

၁။        စစ်ကိုင်းတိုင်းဒေသကြီး ဆောက်လုပ်ရေးဝန်ကြီးဌာန ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စု/တိုင်းရင်းသားငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ်(၃၇)မြို့နယ်တွင် ဆောင်ရွက်မည့်လမ်း/တံတားလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ရေးအတွက် တိုင်းရင်းသားပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါပေးသွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

၂။         အသေးစိတ်အချက်အလက်များကို သိရှိလိုပါက စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ ဖုန်း-၀၇၁-၂၆၃၄၉၊ ၂၆၃၅၉တို့သို့ ရုံးချိန်အတွင်းဆက်သွယ်၍သော်လည်းကောင်း၊ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်းမေးမြန်းနိုင်ပါသည်။

၃။        တင်ဒါလျှေက်လွှာပုံစံများကို စစ်ကိုင်းတိုင်းဒေသကြီးကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင်အောက်ပါအစီအစဉ်အတိုင်း ဝယ်ယူနိုင်ကြောင်အသိပေးကြေညာအပ်ပါသည်။

(က) တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်                       -     ၁၆-၁၀-၂၀၂၀ရက်

(ခ) တင်ဒါလျှောက်လွှာအရောင်းပိတ်မည့်ရက်                          -     ၁၆-၁၁-၂၀၂၀ရက်

(ဂ) တင်ဒါအာမခံကြေးပေးသွင်းထားသည့်  Po Chequeမူရင်းနောက်ဆုံးတင်သွင်းရမည့်ရက်     -     ၁၆-၁၁-၂၀၂၀ရက်

(ဃ) တင်ဒါစာအိတ်များနှင့် တင်ဒါအာမခံကြေးပေးသွင်းထားသည့်Po Cheque မူရင်းတင်သွင်းရမည့်ရက်     -     စစ်ကိုင်းတိုင်းဒေသကြီးညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊မုံရွာမြို့

(င) တင်ဒါလျှောက်လွှာတင်သွင်းရမည့်ရက် /အချိန်                    -     ၁၉-၁၀-၂၀၂၀ရက် နံနက် ၉:၃၀နာရီမှ ညနေ ၄:၃၀နာရီအထိ

(စ) တင်ဒါဖွင့်မည့်ရက်                                                          -     ၂၃-၁၁-၂၀၂၀ရက်နံနက် ၉:၃၀နာရီ

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

ဖုန်း-၀၇၁-၂၆၃၄၉၊ ၂၆၃၅၉

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us