အားကစားနှင့်ကာယပညာဦးစီးဌာနမှ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့တို့တွင် ထမင်းစားဆောင်၊ ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်းနှင့် အားကစားကွင်းများပြုပြင်မွမ်းမံခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 14, 2020 - November 13, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။       အားကစားနှင့်ကာယပညာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘက်ဂျက်တွင် ခွင့်ပြုပါရှိသည့် အောက်ဖော်ပြပါတည်ဆောက်ရေးလုပ်ငန်းများအား တရားဝင်အသိအမှတ်ပြုလိုင်စင်ရတည်ဆောက်လုပ်ရေးကုမ္မဏီများအား တင်ဒါတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

(က)    နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ၊ ဝဏ္ဏသိဒ္ဓိ Sport Complex အတွင်းရှိ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း  Lot (၅ )ခုဆောင်ရွက်ခြင်း

(ခ)      နေပြည်တော်လယ်ဝေးအားကစားကွင်းအတွင်းပြုပြင်မွမ်းမံခြင်းLot (၄)ခုတည်ဆောက်ခြင်း

(ဂ)      ရန်ကုန်၊ မြောက်ဒဂုံရေကူးကန်ရုံးခန်း၊  ကျား /မ အဝတ်လဲခန်းအမိုး/မျက်နှာကြက်နံရံများပြုပြင်ခြင်း

(ဃ)    ရန်ကုန်မြို့  သုဝဏ္ဏတွင် (၁၂၀´× ၄၄´) RC(၄ )ထပ်  (အမျိုးသား/အမျိုးသမီး)အားကစားသမားအိပ်ဆောင် (၂)လုံးတည်ဆောက်ခြင်း Lot (၂ခု)

( င)    ရန်ကုန်မြို့  သုဝဏ္ဏတွင်  အားကစားသမားများအတွက် ထမင်းစားဆောင် (၁၂၀´× ၄၄´) RC(၁)ထပ်တည်ဆောက်ခြင်းနှင့်မီးဖိုဆောင် ( ၆၀´×၃၀´)  RC(၁)ထပ်တည်ဆောက်ခြင်း Lot( ၂)ခု

( စ)     ရန်ကုန်မြို့  သုဝဏ္ဏတွင် ဂါလန်  (၁၆၀၀) ဆံ့ သံရေစင်( ၁၄´×၇´× ၃၀× အမြင့်) (၁)ခုတည်ဆောက်ခြင်း Ground Tank နှင့် ( ၁၇´ ၆ ´´× ၁၀ ´ ×၆´)တည်ဆောက်ခြင်း

(ဆ)    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလာသီရိကွင်း (၁၀) ခန်းတွဲ (၁၇၀´×၄၀´) RC(၃)ထပ် ဝန်ထမ်းအိမ်ရာတည်ဆောက်ခြင်း

၂။        အိတ်ဖွင့်တင်ဒါပုံစံများကို  ၁၄-၁၀-၂၀၂၀ ရက်မှ ၁၃-၁၁-၂၀၂၀ ရက်နေ့အထိ နေ့စဉ် ရုံးချိန်အတွင်း အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားကွင်း/အားကစားရုံဌာနခွဲ၊  နေပြည်တော်၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ ဂိတ် (E )D (23)ရုံးခန်း၊ ဖုန်းအမှတ် ၀၉ -၄၂၈၄၇၅၂၇၄ တွင် တင်ဒါပုံစံများကို စုံစမ်းဝယ်ယူနိုင်ပြီး အိတ်ဖွင့်တင်ဒါများကို ၁၂-၁၁- ၂၀၂၀ ရက်   ရုံးချိန်အတွင်းတင်ဒါဝယ်ယူသည့်နေရာသို့ နောက်ဆုံး လာရောက်တင်သွင်းရန်ဖြစ်ပါသည်။

သတ်မှတ်ရက်ထက်ကျော်လွန်တင်သွင်းသည့်လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us