မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း (တီယာန်ဇွတ် -ဆီနင်ခ လမ်းပိုင်း) အတွက် လမ်းခင်းပစ္စည်းများနှင့် လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 26, 2020 - November 13, 2020
တည်နေရာ: ကချင်ပြည်နယ်
Description
- :

၁။         ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန၊ တည်ဆောက်ရေး(၄)၊လမ်းအထူးအဖွဲ့(၂)၊မြစ်ကြီးနားမြို့၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း တာဝန်ယူဆောင်ရွက်မည့် မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်း (တီယာန်ဇွတ် -ဆီနင်ခ လမ်းပိုင်း) အတွင်းလမ်း/တံတားလုပ်ငန်းများဆောင်ရွက်ရန်လိုအပ်လျက်ရှိသောလမ်းခင်းပစ္စည်းများနှင့်လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများကို လုပ်ငန်းခွင်အရောက်မြန်မာကျပ်ငွေဖြင့်ဝယ်ယူလိုပါသဖြင့် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်သွင်းနိုင်ပါကြောင်းကြေညာအပ်ပါသည်။

၂။         ဝယ်ယူလိုသည့်  လမ်းခင်းပစ္စည်းများနှင့်လမ်း/တံတားတည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ၏အရေအတွက်၊ စံချိန်စံညွှန်းအသေးစိတ်၊ တင်ဒါစည်းမျဥ်းစည်းကမ်းနှင့် တည်ဒါလျှောက်လွှာပုံစံများကို၊ ဒုတိယညွှန်ကြားရေးမှူး( မြို့ပြ)ရုံး ၊လမ်းအထူးအဖွဲ့ (၂ )၊မြစ်ကြီးနား မြို့၊ ဖုန်း ၀၉-၇၆၁၁၀၆၃၃၁ တွင်ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ပါသည်။

၃။         အိတ်ဖွင့်တင်ဒါအမှတ်စဉ်                                           -     အမှတ်စဉ် (၁ /၂၀၁၀ -၂၀၂၁ ) ဘဏ္ဍာရေးနှစ်

၄။        တင်ဒါလျှောက်လွှာရောင်းချရမည့်ရက်/အချိန်               -     ၂၆-၁၀-၂၀၂၀ရက် နံနက် ၁၀:၀၀နာရီ

၅။         တင်ဒါပိတ်မည့်ရက် /ချိန်                                            -     ၁၃-၁၁-၂၀၂၀ ရက် မွန်းလွဲ ၁၂ နာရီ

၆။         တင်ဒါအကြိုရှင်းလင်းမည့်ရက်                                    -     ၁၆-၁၁-၂၀၂၀ရက်၊လမ်းအထူးအဖွဲ့(၂)ရုံး(Pre Building)

၇။        တင်ဒါဖွင့်ပွဲကျင်းပမည့်ရက် /အချိန် /နေရာ                  -     ၁၈ -၁၁- ၂၀၂၀ ရက် နံနက် ၁၀: ၀၀ နာရီ၊ ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊လမ်းအထူးအဖွဲ့ (၂)၊  မြစ်ကြီးနားမြို့၊

၈။ တင်ဒါလျှောက်လွှာရောင်းချမယ့်နေရာ                                -     ဒုတိယညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊လမ်းအထူးအဖွဲ့ (၂ )၊ မြစ်ကြီးနားမြို့၊

၉။ အသေးစိတ်သိရှိလိုပါက ဒုတိယညွှန်ကြားရေးမှူး (မြို့ပြ)ရုံး ၊လမ်းအထူးအဖွဲ့ (၂ )၊မြစ်ကြီးနားမြို့ ၊ဖုန်း၀၉-၇၆၁၁၀၆၃၃၁ တွင်ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ပါသည်။

မှတ်ချက်- Covid-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရန် တင်ဒါဖွင့်ပွဲကျင်းပမည့်အချိန်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော တည်ဆဲဥပဒေ၊ညွှန်ကြားချက်များနှင့်အညီဆောက်ရွက်သွားမယ်ဖြစ်ပါသည်။ အသေးစိတ်အချက်အလက်များအားရုံးချိန်အတွက်းမေးမြန်းနိုင်ပါသည်

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us