အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်းတွင် စိန်လွန်တွင်းတူးဖော်ခြင်း၊ ဘိလပ်မြေဖိသွင်းခြင်းနှင့် ရေစိမ့်နှုန်းတိုင်းတာခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဓာတ်အားပေး စက်ရုံ တည်ဆောက်ခြင်း၊ ဓာတ်အားပေး လုပ်ငန်းများနှင့် ဆက်စပ်ပစ္စည်းများ |
တင်ဒါကာလ: October 15, 2020 - October 21, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။        ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေးဦးစီးဌာန အမှတ်(၃ ) တည်ဆောက်ရေး၊ အထက်ရဲရွာရေအား လျှပ်စစ်စီမံကိန်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်းလုပ်ငန်းဆောင်ရွက်မည့် အောက်ပါလုပ်ငန်းများအား ပြည်တွင်းတိုင်းရင်းသား လုပ်ငန်းရှင်ကုမ္မဏီများအား မြန်မာကျပ်ငွေဖြင့်လုပ်ငန်းအပ်နှံ့ဆောင်ရွက်လိုပါသည်

(က)  တမံလက်ဝဲဘက်ကမ်း အုတ်မြစ်ပြုပြင်ရန် စိန်လွန်တွင်းတူးဖော်ခြင်းလုပ်ငန်း (၁၂၀၀၀ပေ)၊ ဘိလပ်မြေဖိသွင်းခြင်းနှင့်ရေစိမ့်နှုန်းတိုင်းတာခြင်းလုပ်ငန်း (၁၀၇၂၀ပေ) ( Tender No. 04/DHPI (P &W )/2020-2021)

           (ခ) တမံလက်ယာဘက်ကမ်း အုတ်မြစ်ပြုပြင်ရန် စိန်လွန်တွင်းတူးဖော်ခြင်းလုပ်ငန်း (၁၂၈၀၀ပေ) ၊ ဘိလပ်မြေဖိသွင်းခြင်းနှင့်ရေစိမ့်နှုန်းတိုင်းတာခြင်းလုပ်ငန်း (၁၁၄၂၀ပေ) ( Tender No. 05/DHPI (P &W )/2020-2021)

၂။         တင်ဒါပုံစံနှင့်အသေးစိတ်အချက်အလက်များကိုအောက်ဖော်ပြပါလိပ်စာတွင် ရုံးချိန်အတွင်း လာရောက်စုံစမ်းဝယ်ယူနိုင်ပါသည်။ လာရောက်ဝယ်ယူရာတွင် ကုမ္မဏီတစ်ခုလျှင် ကိုယ်စားလှယ်တစ်ဦးသာ COVlD-19ရောဂါဆိုင်ရာ အကာအကွယ်(Mask နှင့် Face Shield) များဝတ်ဆင်  လာရောက်၍ လာရောက်ဝယ်ယူပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

တင်ဒါပုံစံရောင်းချမည့်ရက်                                              -     ၁၅-၁၀-၂၀၂၀ ရက်မှ ၂၁-၁၀-၂၀၂၀ ရက်အထိ

တင်ဒါပုံစံရောင်းချမည့်အချိန်                                            -     ရုံးဖွင့်ရက် ၁၃:၀၀ နာရီမှ  ၁၄:၃၀ နာရီအတွင်း

တင်ဒါပုံစံရောင်းချမည့်နေရာ                                            -     ရုံးအမှတ်၂၇၊ ရှေ့အဝင်ဂိတ်

တင်ဒါအဆိုပြုလွှာတင်သွင်းရမည့် ရက်/ အချိန်/နေရာ          -

အမှတ်စဉ် (၁)  (က)လုပ်ငန်းပါအတွက်  ၁၃-၁၁-၂၀၂၀ရက်၊ ၁၃:၀၀ နာရီ

အမှတ်စဉ် (၁)  (ခ)လုပ်ငန်းပါအတွက်  ၁၃-၁၁-၂၀၂၀ရက်၊ ၁၄:၀၀ နာရီ

လက်ထောက်ညွှန်ကြားရေးမှူး(၅)ရုံး

အမှတ်(၁)တည်ဆောက်ရေး၊ ပန်းခင်းလမ်း၊ ပန်းခင်း(၂)  ရပ်ကွက်၊ပျဉ်းမနားမြို့

၃။        တင်ဒါကြော်ငြာပုံစံကို လျှပ်စစ်နှင့်ဝန်ကီးဌာနဝက်ဆိုဒ် (www.moee.gov.mm) တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

ရေအားလျှပ်စစ်အကောက်အထည်ဖော်ရေးဦးစီးဌာန

ရုံးအမှတ်(၂၇)၊နေပြည်တော်

ဖုန်း-၀၆၇-၈၁၀၄၁၈၄၊၈၁၀၄၂၉၈

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us