မုဒုံမြို့နယ်အတွင်း ကျေးရွာချင်းဆက်လမ်း မြေနီလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တိုးချဲ့ဆောက်လုပ်ခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 15, 2020 - November 16, 2020
တည်နေရာ: မွန်ပြည်နယ်
Description
- :

မွန်ပြည်နယ်အစိုးရသည် ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် UNDP ၏မြို့နယ်ဖွံ့ဖြိုးမှုအထောက်အပံ့ ရန်ပုံငွေ အစီအစဉ်အောက်မှ ရန်ပုံငွေများကို လက်ခံရရှိပြီးထိုရန်ပုံငွေတစ်စိတ်တစ်ဒေသကို အောက်ဖော်ပြပါမြို့နယ်ရှိ အောက်ပါ စီမံကိန်းအတွက် ခွဲဝေချထားပေးပါသည်-

မုဒုံမြို့

စိတ်ပါဝင်စားသည့် ကုမ္မဏီများသည် အောက်တွင်ဖော်ပြထားသည့် အချိန်နှင့်နေရာတွင် တင်ဒါစာရွက်စာတမ်းကို အခမဲ့ကြည့်ရှုစစ်ဆေးနိုင်ပြီး တင်ဒါစာရွက်စာတမ်းများကို ဝယ်ယူမည်ဆိုပါက အောက်ဖော်ပြပါစျေးနှုန်းဖြင့် ဝယ်ယူနိုင်ပါသည်။ တင်ဒါတင်သွင်းသူများအားလုံးသည် တင်ဒါစာရွက်စာတမ်းတွင် အသေးစိတ်ဖော်ပြပါရှိသည့် လိုအပ်သောအရည်အချင်းသတ်မှတ်ချက်များ မိမိတို့ ပြည့်မီကိုက်ညီသည်ကို မှန်ကန်ကြောင်းအတည်ပြုရန်တာဝန်ရှိပါသည်။

ဝယ်ယူသည့်ဌာန           -        ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ မုဒုံမြို့

တာဝန်ခံအရာရှိ           -        ဒေါ်မျိုးဇာခြည်ဦး (ဦးစီးအရာရှိ)၊ ၀၉-၇၉၃၇၃၇၇၅၉

တည်ဆောက်မှုလုပ်ငန်းဖော်ပြချက်

  • ကျေးရွာချင်းဆက်လမ်း မြေနီလမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တိုးချဲ့ဆောက်လုပ်ခြင်း
  • (က) ဒိုးမား - ကော့ပိထော်ကျေးရွာ (၁/၀ ဒဿမ ၃) မိုင် ၁၂’ x ၉”)
  • (ခ) ကမာဝက်နှင့် ကမာအုပ်ကျေးရွာ (၁၉၇၀’ x ၁၂’ x ၁၉”)

တည်ဆောက်မည့်နေရာ

- ဒိုးမား - ကော့ပိထော်ကျေးရွာ

- ကမာဝက်နှင့် ကမာအုပ်ကျေးရွာ

အရည်အသွေးစံချိန်စံညွှန်းများ

-ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သတ်မှတ်ထားသော စံချိန်စံညွှန်းများ

ဝယ်ယူမူနည်းလမ်း -အကြီးစားဝယ်ယူမှု

အရည်အချင်းသတ်မှတ်ချက်များ

-ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္မဏီများ ညွှန်ကြားမှုဦးစီးဌာနတွင် မှတ်ပုံတင်ထားသော ကုမ္မဏီဖြစ်ရမည်။

-လုပ်ငန်းအတွေ့အကြုံအနည်းဆုံး (၃) နှစ်ရှိရမည်။

-အရည်အချင်းမီ အင်ဂျင်နီယာဝန်ထမ်းများရှိရမည်။

-အလားတူ ကန်ထရိုက် အနည်းဆုံး (၃)ခုကို ဆောက်ရွက်ဖူးရမည်။

-ဘဏ္ဍာရေးတည်ငြိမ်မှုရှိရမည်။

-၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၏ ဝင်ငွေခွန်နှင့်ကုန်သွယ်လုပ်ငန်းများပေးဆောင်ထားရမည်။

-တင်ဒါစာရွက်စာတမ်းထဲရှိ အခြားလိုအပ်ချက်များအား ဖြည့်ဆည်းပေးနိုင်ရမည်။

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေးဝယ်ယူနိုင်မည့်နေရာ

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မုဒုံမြို့။

တင်ဒါစာရွက်စာတမ်းကို ကြည့်ရှုစစ်ဆေးဝယ်ယူနိုင်မည့်အချိန်

၁၅-၁၀-၂၀၂၀ ရက်မှ ၁၆-၁၁-၂၀၂၀ ရက်အထိ ရုံးဖွင့်ရက် နံနက် ၉:၃၀နာရီမှ ညနေ ၁၆:၃၀နာရီထိ

တင်ဒါစာရွက်စာတမ်းကျသင့်ငွေ - ၁၀၀၀၀ကျပ်

တင်ဒါတင်သွင်းရမည့်နေရာ       -        မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျောင်းပိုင်းရပ်ကွက်၊ မုဒုံမြို့။

တင်ဒါတင်သွင်းရမည့် သတ်မှတ်ထားသော နောက်ဆုံးအချိန် -        ၁၆-၁၁-၂၀၂၀ ရက် မွန်းတည့် ၁၂:၀၀ နာရီ

မှတ်ချက် ။ ၃-၁၁-၂၀၂၀ ရက်၊ နံနက် ၁၀ နာရီတွင်  တင်ဒါလျှောက်ထားသူများ/ လုပ်ငန်းလုပ်ရန်စိတ်ဝင်စားသူများနှင့် တင်ဒါအကြိုညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ပြီး လုပ်ငန်းအကောင်အထည်ဖော်မည့်နေရာသို့ ကြည့်ရှုမည်ဖြစ်ပါ၍ မုဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ အစည်းအဝေးတက်ရောက်ပါရန် ဖိတ်ကြားအပ်ပါသည်။ သွားမည်ဖြစ်ပါသည်။

‌ ဒေါ်မျိုးဇာခြည်ဦး

ဦးစီးအရာရှိ (မြို့ပြ)

ကျေးလက်လမ်းဖွံ့ဖြိုးရေးဦစီးဌာန

မုဒုံမြို့

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us