အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ်ရုံး ဘားအံမြို့တွင် ဝန်ထမ်းအိမ်ရာဆောက်လုပ်ခြင်းလုပ်ငန်း

October 14, 2020
Views: 96
Tender ID: 13166
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: September 28, 2020 - October 27, 2020
တည်နေရာ: ကရင်ပြည်နယ်
Description
- :

၁။        အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ကရင်ပြည်နယ်ရုံး ဘားအံမြို့တွင် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်မည်ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအားအိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

လုပ်ငန်းတည်နေရာ      -     အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန သီရိလမ်း၊အမှတ်(၄) ရပ်ကွက် ဘားအံမြို့                        

လုပ်ငန်းအမည်       -  ဝန်ထမ်းအိမ်ရာ (၈၀ˊ×၄၀ˊ) (၄)ခန်းတွဲ (၄)ထပ်၊ အဆောက်အဦးတစ်လုံး                                            

၂။ အိတ်ဖွင့်တင်ဒါများကို အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ ဘားအံမြို့တွင် ၂၈-၉-၂၀၂၀ရက်မှစ၍ ရုံးချိန်အတွင်း ရောင်းချမည်ဖြစ်ပြီး တင်ဒါအဆိုပြုလွှာပုံစံများကို ၂၇-၁၀-၂၀၂၀ရက် ၁၆:၃၀နာရီနောက်ဆုံးတင်သွင်းရမည်။ တင်ဒါဖွင့်လှစ်မည့်ရက်ကို တင်ဒါတင်သွင်းသူများအားဆက်သွယ်အကြောင်းကြားမည်ဖြစ်ပါသည်။

၃။         အသေးစိတ်သိရှိလိုပါက အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ကရင်ပြည်နယ်ရုံး ဖုန်း-၀၅၈-၂၁၅၁၅ သို့ ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါခေါ်ယူရေးလုပ်ငန်းကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us