ချင်းပြည်နယ်အစိုးရရုံးအတွက် Private Network ချိတ်ဆက်ခြင်းနှင့် Data Centerတည်ဆောက်ခြင်းလုပ်ငန်း၊ CCTVတပ်ဆင်ခြင်းနှင့် မော်တော်ယာဥ်ဝယ်ယူခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: October 14, 2020 - November 19, 2020
တည်နေရာ: ချင်းပြည်နယ်
Description
- :

၁။        ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ကျပ်သန်း(၁၀၀)အထက်ရှိသော အောက်ပါလုပ်ငန်းများကို မြန်မာကျပ်ငွေဖြင့် ဝယ်ယူဆောင်ရွက်လိုပါသဖြင့် စိတ်ပါဝင်စားစွာ လုပ်ငန်းဆောင်ရွက်လိုသော ကုမ္မဏီများအနေဖြင့် အိတ်ဖွင့်တင်ဒါ တင်သွင်းနိင်ပါကြောင်းဖိတ်ခေါ်အပ်ပါသည်။

(၁)    မော်တော်ယာဉ် (၂)စီး ဝယ်ယူခြင်းလုပ်ငန်း    -   Lot-1

(၂)     ဟားခါးမြို့တွင်း၌ CCTVတပ်ဆင်ခြင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ရုံးတွင်း CCTV Control Centerတည်ဆောက်ခြင်း   -    Lot-2

(၃)    အစိုးရအဖွဲ့ရုံးနှင့် လက်အောက်ရှိ ခရိုင်ရုံးများသို့ Private Network ချိတ်ဆက်ခြင်းနှင့် Data Centerတည်ဆောက်ခြင်းလုပ်ငန်း -  Lot-3

(၄)    ချင်းပြည်နယ်အတွင်းရှိ ခရိုင်စီမံခန့်ခွဲမှုကော်မတီရုံး (၄)ရုံးမှ အစိုးရအဖွဲ့ရုံးရှိ Data Center နှင့်ချိတ်ဆက်ဆောင်ရွက်နိုင်ရန် Network, Server လိုအပ်သည့် Softwareများနှင့် Video Conferencingတည်ဆောက်လုပ်ခြင်းလုပ်ငန်း  -     Lot-4   

၂။         တင်ဒါ‌လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို ‌ ၁၄-၁၀-၂၀၂၀ ရက်မှစ၍ ချင်းပြည်နယ်၊ဟားခါးမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၊ IT Team ဌာနစိတ်တွင် ရုံးချိန်အတွင်း သတ်မှတ်ထားသောနှုန်းထားအတိုင်း လာ‌ရောက်၀ယ်ယူ နိုင်ပါသည်။ တင်ဒါပိတ်ရက်မှာ ၁၃-၁၁-၂၀၂၀ရက် ညနေ ၁၆:၀၀နာရီ  တင်ဒါဖွင့်လှစ်မည့်ရက်မှာ ၁၉-၁၁-၂၀၂၀ရက်ဖြစ်ပြီး အသေးစိတ်အချက်အလက်များအား သိရှိလိုပါက ‌ဖုန်း-၀၇၀-၂၂၅၉၈၊ ၀၇၀-၂၂၅၉၉၊ ၀၇၀-၂၂၃၉၁ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါရွေးချယ်စိစစ်ရေးကော်မတီ

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us