မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိရစ္ဆာန်ရောဂါကာကွယ်ဆေး(၂)မျိုး ဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆေးဝါးနှင့် ဆေးပစ္စည်းကိရိယာ အမျိုးမျိုး |
တင်ဒါကာလ: October 19, 2020 - November 20, 2020
တည်နေရာ: ချင်းပြည်နယ်
Description
- :

၁။ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် (EUမှ ထောက်ပံ့သော NSRC Budget Support)ထောက်ပံ့ငွေဖြင့် ပထမအကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူဝယ်ယူမည့် ကျွဲ၊ နွား၊ ခွာနာ လျှာနာ ရောဂါကာကွယ်ဆေး(၁)မျိုးနှင့် ဝက်ဝမ်းကျရောဂါကာကွယ်ဆေး(၁)မျိုး၊ စုစုပေါင်းတိရစ္ဆာန် ရောဂါကာကွယ်ဆေး(၂)မျိုးအား ဝယ်ယူရန်အတွက် မြန်မာကျပ်ငွေဖြင့် စျေးနှုန်းအဆိုပြုလွှာတင်သွင်းနိုင်ကြောင်း ပထမအကြိမ်ကြေညာအပ်ပါသည်။

၂။         စျေးနှုန်းအဆိုပြုလွှာပုံစံများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊စီမံရေးရာဌာနခွဲ၊ ဖြည့်တင်းရေးနှင့်သိုလှောင်ရေး ဌာနစိတ်ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် (၁၉-၁၀-၂၀၂၀)ရက်မှစ၍ ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး (၂၀-၁၁-၂၀၂၀)ရက်တွင် တင်ဒါပုံစံများကို ပိတ်သိမ်း၍ 1%P.O Cheque ခက်ခံမည်ဖြစ်ကာ အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်ရက်ကို အချိန်မီအကြောင်းကြားသွားမည်ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုပါကဖုန်း -၀၆၇-၃၄၀၈၁၇၇ နှင့် ၀၆၇-၃၄၀၈၄၆၄သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us