ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲနှင့် လုပ်ငန်း(၇)ရပ်အား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စက်ပစ္စည်း/ အဆောက်အဦ ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာလုပ်ငန်းများ |
တင်ဒါကာလ: October 16, 2020 - November 16, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲနှင့် လုပ်ငန်း(၇)ရပ်အား အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

၁။        ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အောက်ပါလုပ်ငန်းများကို အိတ်ဖွင့်တင်ဒါခေါ်ယူဆောက်ရွက်သွားမည်ဖြစ်ပါသည်။

(က)  ပဲခူးတိုင်း‌ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မဲပုတ်ကျေးရွာအုပ်စု၊ ကြောင်ပြာကျေးရွာ၊ ဇေတဝန်ကျောင်းတိုက် အတွင်းရှိ ဂဝံကျောက်ဆင်းတုတော် ထားရှိရာ ကျောင်းဆောင် ဆောက်လုပ်ခြင်းလုပ်ငန်း                    

(ခ)    ပဲခူးတိုင်း‌ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မဲပုတ်ကျေးရွာအုပ်စု၊ ကြောင်ပြာမြို့ဟောင်းရာ၏ အရှေ့မြောက်ထောင့်ရှိ ယုံကြည်ကိုးကွယ်မှုဆိုင်ရာ အဆောက်အအုံနှင့် ရင်ပြင်ဆောက်လုပ်ခြင်းလုပ်ငန်း                    

 (ဂ)    ပဲခူးတိုင်း‌ဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ မဲပုတ်ကျေးရွာအုပ်စု၊ ကြောင်ပြာကျေးရွာအနီးရှိ ဂဝံကျောက်ဖြင့်ပြုလုပ်ထားသော ‌ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်အထောက်အထားများကို တူးဖော် သုတေသနပြုလုပ်ခြင်းနှင် Site Museum  ဆောက်လုပ်ခြင်း(တူးဖော်သုတေသနပြုလုပ်ခြင်းနှင့် Site Museum) လုပ်ငန်း                  

(ဃ)  ပဲခူးတိုင်း‌ဒေသကြီး၊သနပ်ပင်မြို့နယ်၊ မိုးခိုင်ကြီးစေတီပေါ်ရှိ မုခ်/တံကဲများကို ရှေးမူမပျက်ထိန်းသိမ်းခြင်း နှင့် စေတီတော်အတွင်း ထပ်မံပြိုကျပျက်စီးနိုင်သည့်နေရာမျးအား ရှေးမူမပျက် ထိန်းသိမ်းခြင်းလုပ်ငန်း                     

(င)    ပဲခူးတိုင်း‌ဒေသကြီး၊ကဝမြို့နယ်၊ ကျိုက်မတ်ကော်ဘုရားရှိ ကျောက်စာချပ်အကျိုးအပျက်များကို မူလပုံစံ မပျက်ပြန်ဆက်ခြင်းနှင့် ၎င်းဘုရားအနီးရှိ မဟာကလျာဏီသိမ်(ဘီလူးသိမ်)ရှိ ဘီလူးရုပ်တုပါသောသိမ်တိုင်များအားထိန်းသိမ်းခြင်းလုပ်ငန်း                   

 (စ)    သမိုင်းဝင်ယိုးဒယားပေါက်နှင့် တောင်ငူကေတုမတီမြို့ဟောင်းကျုံးသာယာလှပရေးအတွက် ဒေသလိုအပ်ချက်အရ ထပ်မံ‌ဆောင်ရွက်ရန်လိုအပ်သော ပန်းချီတံခါးလမ်းနှင့် ယိုးဒယားပေါက်ကြား၊ ကွန်ကရစ်လမ်းခင်းခြင်း၊ Landscapeပြုလုပ်ခြင်း၊ ကျန်းမာ‌ရေးလေ့ကျင့်နိုင်ရန် အားကစားပစ္စည်းများ တပ်ဆင်ခြင်း၊ Precast Concrete  ရေမြောင်းပြုလုပ်ခြင်း၊ LED မီးတိုင်များတပ်ဆင်ခြင်းလုပ်ငန်း             

(ဆ)  တောင်ငူကေတုမတီမြို့ဟောင်း အနောက်ဘက်စင်တံခါးမှ အနော်မြောက်ထောင့်၊ ၎င်းမှ အ‌ရှေ့မြောက်ထောင့်အထိ(မီးရထားသံလမ်းနှင့်အနောက်ဘက်တံတားမုခ်ဦးကြား) ကေတုမတီမြို့ဟောင်းကျုံးအရှည်ပေ (၁၀၄၀၀)     ပြန်လည်တူးဖော်ခြင်းလုပ်ငန်း)       

၂။         အဆိုပါလုပ်ငန်း (၇)ရပ်အား အိတ်ဖွင့်တင်ဒါလျှောက်လွှာခေါ်ယူခြင်းကို အောက်ပါအတိုင်းဆောင်ရွက်မည်ဖြစ်ပါသည်-

(က)တင်ဒါလျှောက်လွှာစတင်‌ရောင်းချမည့်ရက် -၁၆-၁၀-၂၀၂၀ရက်(သောကြာနေ့)

(ခ) တင်ဒါလျှောက်လွှာတင်သွင်းရမည့်ရက်နှင့်အချိန်- ၁၆-၁၁-၂၀၂၀ရက် (တနင်္လာနေ့) ညနေ(၄)နာရီ

၃။        တင်ဒါတင်သွင်းခွင့်လျှောက်လွှာနှင့် အသေးစိတ်စည်းကမ်းချက်များ၊အသေးစိတ်အချက်အလက်များကို အောက်ပါလိပ်စာတွင် စုံစမ်းဝယ်ယူနိုင်ပါသည်။

တင်ဒါခေါ်ယူစိစစ်ရေးအဖွဲ့

ရှေးဟောင်းသုတေတနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ပဲခူးဌာနခွဲ

ဖုန်း-၀၅၂-၂၂၂၁၉၉၂

 

 

 

 

 

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us