ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း

October 15, 2020
Views: 309
Tender ID: 13254
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 15, 2020 - November 15, 2020
တည်နေရာ: ရှမ်းပြည်နယ်
Description
- :

၁။        ရှမ်းပြည်နယ် ဥပဒေချုပ်ရုံးက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ် ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့် တည်ဆောက်ရေး လုပ်ငန်း (၉)ခုနှင့် ဌာန ပိုင် ပစ္စည်း ဝယ်ယူရေး လုပ်ငန်း (၂) ခု ဆောင်ရွက် လိုပါ သဖြင့် မြန်မာနိုင်ငံသား ပုဂ္ဂလိက လုပ်ငန်းရှင် များအနေဖြင့် အိတိဖွင့်တင်ဒါ တင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

(က)    တည်ဆောက်ရေးလုပ်ငန်း

၁။        ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥပဒေရုံး၊ အဆောက်အအုံအဟောင်းဖျက်သိမ်း၍ (တစ်ထပ်လျှင် စတုရန်းပေ ၁၃၆၀ ) RC (၃) ထပ် အဆောက်အအုံသစ်ဆောက်လုပ်ခြင်း။

၂။         မိုင်းဆတ်ခရိုင် ဥပဒေရုံး (ပေ ၅၀×ပေ ၄၀ ) RC (၂) ထပ် အဆောက်အအုံ ဆောက်လုပ်ခြင်းနှင့် (အရှည်ပေ ၄၀၀ ၊ အမြင့် ၆ ပေ) ရှိ ခြံစည်းရိုး အုတ််တံတိုင်း ကာရံခြင်း။

၃။        မိုင်းပျဉ်းမြို့နယ် ဥပဒေရုံး ဝန််ထမ်းအိမ်ရာ (ပေ ၄၀ × ၂၄ ပေ ) RC အဆောက်အအုံ ဆောက်လုပ်ခြင်း။

၄။        ကျေးသီမြို့နယ် ဥပဒေရုံး ဝန်ထမ်းအိမ်ရာ (ပေ ၃၀ × ၂၅ ပေ ) RC အဆောက်အအုံဆောက်လုပ်ခြင်း။

၅။        တောင်ကြီး ခရိုင်/မြို့နယ် ဥပဒေရုံး (အရှည် ၆၆၁ ပေ ၊ အမြင့် ၆ ပေ ) ရှိ ခြံစည်းရိုး ကာရံခြင်း။

၆။         ဆီဆိုင် မြို့နယ် ဥပဒေရုံး (အရှည်ပေ ၄၆၀ × အမြင့်် ၆ ပေ ) ရှိ ခြံစည်းရိုး ကာရံခြင်း။

၇။        ညောင်ရွှေမြို့နယ် ဥပဒေရုံး (အရှည်ပေ ၃၇၀၊ အမြင့် ၆ ပေ ရှိ ခြံစည်းရိုး ကာရံခြင်း။

၈။        လားရှိုး ခရိုင် ဥပဒေရုံး  (အရှည်ပေ ၄၂၀ × အမြင့်် ၆ ပေ ) ရှိ ခြံစည်းရိုး ကာရံခြင်း။

၉။        မိုင်းရယ် မြို့နယ် ဥပဒေရုံး ခြံစည်းရိုး ကာရံခြင်း (အရှည်ပေ ၃၉၀၊ အမြင့် ၆ ပေ)။

(ခ)       ဌာန ပိုင် ပစ္စည်းဝယ်ယူရေး လုပ်ငန်း

၁။      Fiber Optic Line (EDMS) တပ်ဆင်ခြင်း (ရှမ်းပြည်နယ်ဥပဒေရုံးချုပ်)

၂။       Computer Laptop (၁၀)လုံးနှင့် Copiers (၁၀) လုံး ဝယ်ယူခြင်း (ရှမ်းပြည်နယ် ဥပဒေချုပ်ရုံး)

၂။         အမှတ်စဉ် (က)(၁)နှင့် (၂) တို့ပါ လုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါ လျှောက်လွှာပုံစံ များကို တစ်စောင်လျှင် ငွေ (၁၀၀၀၀/- )နှုန်းဖြင့် ၁၅-၁၀-၂၀၂၀ ရက်မှ ၁၅-၁၁-၂၀၂၀ ရက်အထိလည်းကောင်း ၊ ကျန်လုပ်ငန်း (၉)ခုအတွက်အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများကိုတစ်စောင်လျှင်ငွေကျပ်(၂၀၀၀/-)ကျပ်နှုန််းဖြင့် ၁၅-၁၀-၂၀၂ဝရက်မှ ၃-၁၁-၂၀၂၀ ရက်အထိ လည်းကောင်း ၊ ရှမ်းပြည်နယ် ဥပဒေချုပ်ရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူ တင်သွင်းနိုင်ပြီး၊ အိတ်ဖွင့်တင်ဒါ အဆိုပြုလွှာများကို သတ်မှတ်ရက်၏ နောက်ဆုံးနေ့ ၁၆း၃၀ နာရီ နောက်ဆုံးထား၍ တင်သွင်းရပါမည်။

၃။        အသေးစိတ် သိရှိလိုပါက ရှမ်းပြည်နယ် ဥပဒေချုပ်ရုံး ၊ တောင်ကြီး မြို့၊ ဖုန်း-၀၈၁-၂၁၂၃၅၇၀ နှင့် ၀၈၁-၂၀၁၉၈၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါခေါ်ယူရေးကော်မတီီ

ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး တောင်ကြီးမြို့

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us