ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ်၏ ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာလုပ်ငန်းကို ပြင်ပသို့အပ်နှံခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှု လုပ်ငန်း |
တင်ဒါကာလ: October 16, 2020 - November 26, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်  ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လှုမှုဝန်ထမ်းဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၌ အကောင်အထည်ဖော်ဆောက်ရွက်လျက်ရှိသည့် ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးသူငယ်များအား ငွေကြေးထောက်ပံ့သည့်အစီအစဉ်၏ ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာလုပ်ငန်းကို ပြင်ပပုဂ္ဂလိက ဝန်ဆောင်မှုအဖွဲ့အစည်းများထံသို့ လုပ်ငန်းအပ်နှံ့ဆောင်ရွက်မည်ဖြစ်ပါသဖြင့် စိတ်ပါဝင်စားသော ငွေကြေးလွှဲပြောင်းခြင်းဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့အစည်းများအနေဖြင့် အဆိုပြုလွှာတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

၂။          တင်ဒါလျှောက်လွှာများရောင်းချခြင်းနှင့် တင်သွင်းခြင်းတို့အား‌ အောက်ပါအတိုင်းဆောက်ရွက်သွားမည်ဖြစ်ပါသည်။

(က) တင်ဒါရောင်းချမည့်ရက်                   -    ၁၆-၁၁-၂၀၂၀ရက်မှ ၂၀-၁၁-၂၀၂၀ရက်အထိ လူမှုဝန်ထမ်းဦးစီးဌာန websiteဖြစ်သည့် www.dsw.gov.mm မှတစ်ဆင့် လျှောက်လွှာများကို     ရောင်းချမည်ဖြစ်ပြီး လျှောက်လွှာကြေး ကျပ်(၂၀၀၀)ကို လူမှုဝန်ထမ်းဦးစီးဌာန၊   ငွေစာရင်းအမှတ် (MD-010583)သို့ပေးသွင်းရန်

(ခ) တင်ဒါတင်သွင်းရမည့်ရက်                 -     ၂၃-၁၁-၂၀၂၀ရက်မှ ၂၆-၁၁-၂၀၂၀ရက်အထိ

(ဂ )တင်ဒါတင်သွင်းရမည့်နေရာ               -     တင်ဒါလျှောက်လွှာတွင် ဖြည့်သွင်းရမည့်အချက်အလက်များကို ပြည့်စုံစွာဖြည့်သွင်း၍ ပူးတွဲပါရှိရမည့်အချက်အလက်များ၊ငွေသွင်းချလန်များကို Scanဖတ်၍ emailလိပ်စာ socialprotection.dsw.gov@gmail.com သို့ ရုံးချိန်အတွင်းပေးပို့ရန်

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

လှုမှုဝန်ထမ်းဦးစီးဌာန

ရုံးအမှတ်(၂၃)၊ နေပြည်တော်၊ ဖုန်း-၀၆၇-၃၄၀၄၅၈၃

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us