ကွန်ကရစ်လမ်း၊ သံကူကွန်ကရစ်တံတား၊ Box-Culvertနှင့် အခြားလုပ်ငန်းများဆောင်ရွက်ခြင်း (ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့)

October 16, 2020
Views: 209
Tender ID: 13294
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 15, 2020 - November 18, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။        ရန်ကုန်တိုင်းဒေသကြီးအစိုးရ ၊ တိုင်းဒေသကြီးစည်ပင်သာယာရေးဝန်ကြီးဌာန၊ တင်ဒါကော်မတီ ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသော ကွန်ကရစ် (၁၈)လမ်း၊ သံကူကွန်ကရစ်တံတား (Bored Piles)(၄)စင်း၊ Box-Culvert(၁၃)စင်း၊အခြားလုပ်ငန်း(၁၅)ခုတည်ဆောက်ခြင်းများအား အကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုသမ္မတနိုင်ငံ တိုင်းရင်းသားများပိုင် ပြည်တွင်းကုမ္မဏီများအား တင်ဒါများတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။         တင်ဒါများကို နည်းပညာဆိုင်ရာအဆိုပြုလွှာနှင့် ငွေကြေးဆိုင်ရာအဆိုပြုလွှာ ဟူ၍ သီးခြားစာအိတ်များဖြင့် တင်ဒါတင်သွင်းသူများ လိုက်နာရန်ညွှန်ကြားချက်များ (Instruction to Tenders) နှင့်အညီ တင်သွင်းရန်ဖြစ်ပါသည်။

၃။         တင်ဒါစာရွက်စာတမ်းအပြည့်အစုံကို ၁၅-၁၀-၂၀၂၀ရက်မှစတင်၍ ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ရုံးချိန်အတွင်းဝယ်ယူနိုင်ပြီး အိတ်ဖွင့်တင်ဒါကိုအောက်ပါအစီအစဉ်အတိုင်း ဖွင့်ဖောက်သွားမည်ဖြစ်ပါသည်-

(က) တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက် /အချိန်                           -     ၁၈-၁၁-၂၀၂၀ရက် နံနက် ၉:၀၀နာရီ

(ခ) တင်ဒါဖွင့်ဖောက်စစ်ဆေးမည့် ရက်/အချိန်                                -     ၁၈-၁၁-၂၀၂၀ရက် နံနက် ၁၀:၀၀နာရီ

(ဂ) တင်ဒါစိစစ်ရွေးချယ်မည့်နေရာ                                                -    ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး

၄။         အသေးစိတ်အချက်အလက်နှင့် တင်ဒါလျှေက်လွှာပုံစံများကို ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး ဖုန်း ၀၉-၅၃၉၄၆၄၇၊ ၀၉-၇၉၈၃၉၁၇၇၃ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us