ကယားပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ (QA/QC) နှင့် (Engineering Consultant) လုပ်ငန်းများဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စီမံကြီးကြပ်မှုနှင့် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ |
တင်ဒါကာလ: October 19, 2020 - November 16, 2020
တည်နေရာ: ကယားပြည်နယ်
Description
- :

၁။     ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကယားပြည်နယ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန လက်အောက်ရှိ လမ်းဦးစီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ဆည်မြောင်း၊ရေအရင်းအမြစ်) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မွေးမြူ‌ရေးနှင့် ကုသရေးဦးစီးဌာန စိုက်ပျိုးရေးဦးစီးဌာန၊စိုက်ပျိုးသုတေသနဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ပျားလုပ်ငန်းဦးစီးဌာနများ၏ ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ‌ဆောင်ရွက်မည့် တည်ဆောင်‌ရေးလုပ်ငန်းများတွင် အရည်အသွေး စစ်ဆေးရေး (QA/QC)အဖွဲ့တာဝန်များပေးအပ် ဆောင်ရွက်ရန် ရှိပါသဖြင့်(QA/QC) နှင့် (Engineering Consultant) လုပ်ငန်းများသာသီးသန့်လုပ်ကိုင်သော မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။      (QA/QC)လုပ်ငန်းများအတွက် ဝန်ဆောင်ခအဖြစ် တင်ဒါအောင်မြင်သောလုပ်ငန်းတန်ဖိုး၏(၂%) ကို ပြည်နယ်အစိုးရမှ ပေးချေသွားမည်ဖြစ်ပြီး(QA/QC) နှင့် (Engineering Consultant)  ဆောင်ရွက်သူလုပ်ငန်းရှင်မှ မိမိလုပ်ကိုင်လိုသောLot များကို လွိုင်ကော်မြို့နယ်ရှိဖော်ပြပါ ဦးစီးဌာနများ၏ပြည်နယ်ရုံးများတွင် စုံစမ်း၍လျှောက်လွှာများဝယ်ယူ တင်သွင်းရန် ဖြစ်ပါသည်။

၃။     တင်ဒါလျှောက်ထားသူများကို စိစစ်ရွေးချယ်ရာတွင် တင်ပြသောအဖွဲ့အစည်း၏ Profile, Performance, Experience, Power Point Presentation နှင့် Zoom Interviewရမှတ်များအပေါ်တွင် အခြေခံ၍ ရွေးချယ်သွားမည်ဖြစ်ပါသည်။

(က)   တင်ဒါလျှောက်လွှာရောင်းချမည့်ရက်                                    -     ၁၉-၁၀-၂၀၂၀ ရက်

(ခ)    တင်ဒါလျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်ရက် /အချိန်       -     ၁၆-၁၁-၂၀၂၀ ရက် ၁၆:၃၀နာရီ

(ဂ)    တင်ဒါဖွင့်ပွဲကျင်းပမည့်ရက် /အချိန်                                       -     တင်ဒါတင်သွင်းပြီးသူများသို့ အချိန်မီ   အကြောင်းကြားပါမည်။

(ဃ)  တင်ဒါဖွင့်ပွဲကျင်းပမည့်နေရာ                                               -     ဒုတိယညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊   လွိုင်ကော်မြို့ ကယားပြည်နယ်

၂။      တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို အသေးစိတ်သိရှိလိုပါက ဒုတိယညွှန်ကြားရေးမှူးရုံး၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန လွိုင်ကော်မြို့ ကယားပြည်နယ် ဖုန်း -၀၈၃-၂၁၀၄၀၊ ၀၈၃-၂၁၅၂၃ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

အိတ်ဖွင့်တင်ဒါခေါ်ယူရေးကော်မတီ

ဒုတိယညွှန်ကြားရေးမှူးရုံး၊

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန

လွိုင်ကော်မြို့ ကယားပြည်နယ်

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us