ပဲခူးတိုင်း‌ဒေသကြီးအတွင်း တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့် အိမ်ရာစီမံကိန်း ဆောင်ရွက်ရန် Swiss Challenge ခေါ်ယူခြင်း

October 17, 2020
Views: 962
Tender ID: 13341
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: SWISS CHALLENGE
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 10, 2020 - November 18, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
ဒေါင်းလုပ် လုပ်ရန်
Description
- :

၁။        ပဲခူးတိုင်း‌ဒေသကြီး၊ ပဲခူမြို့နယ်၊ ပဲခူးမြို့/ကတွင်းခြံကျေးရွာ အုပ်စု၊ တောင်သူစုကျေးရွာ၊ ဖဲဖောင်တော်ကွင်းရှိ အကွက်အမှတ် (၃)၊ (၅)၊ (၆) မြေဧရိယာ (၃၂) ဧက မြေနေရာပေါ်တွင် ဝင်ငွေနည်းနှင့် ဝင်ငွေအလယ်အလတ်ရှိ ပြည်သူများအတွက် တန်ဖိုးနည်း၊ တန်ဖိုးသင့်အိမ်ရာများနှင့် တန်ဖိုးမြင့်အိမ်ရာများ စုပေါင်းပါဝင်သော အိမ်ရာစီမံကိန်းအကောင်အထည်ဖော်ဆောက်လုပ်နိုင်ရန်အတွက် စီမံကိန်းအဆိုပြုလွှာကို ပုဂ္ဂလိက ကုမ္မဏီတစ်ခုမှ ပဲခူးတိုင်းဒေသကြီးအစိုးရက ဖိတ်ခေါ်ခြင်းမရှိဘဲ ရေးဆွဲတင်ပြခဲ့ပါသည်။

၂။         ယင်းမြေဧရိယာ(၃၂)ဧကပေါ်တွင် တန်ဖိုးနည်း၊ တန်ဖိုးသင့်၊ တန်ဖိုးမြင့် အိမ်ရာစီမံကိန်း အကောင်အထည်ဖော်နိုင်ရေးအတွက် မူလအဆိုပြုလွှာနှင့် ယှဉ်ပြိုင်ရွေးချယ်နိုင်ရန် စီမံကိန်း ယှဉ်ပြိုင်အဆိုပြုလွှာများအား အောက်ပါအစီအစဉ်အတိုင်း ခေါ်ယူမည်ဖြစ်ပါသည်-

(က) စီမံကိန်း အဆိုပြုလွှာစတင်ရောင်းချမည့်ရက်     -     ၁၀-၁၁-၂၀၂၀   (အင်္ဂါနေ့)

(ခ) စီမံကိန်း အဆိုပြုလွှာ ပိတ်မည့်ရက်                  -     ၁၈-၁၁-၂၀၂၀  (ဗုဒ္ဓဟူးနေ့)

(ဂ) စီမံကိန်း အဆိုပြုလွှာ တင်သွင်းရမည့်နေရာ      -    ပဲခူးတိုင်း‌ဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊   ညွှန်ကြားရေးမှူးရုံး၊ ပဲခူးမြို့

(ဃ) စီမံကိန်း အဆိုပြုလွှာရောင်းစျေးနှုန်း              -     ၃၀၀၀၀/-

၃။ အသေးစိတ်အချက်အလက်များအား ရုံးချိန်အတွင်း - ပဲခူးတိုင်း‌ဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူးရုံး၊ ပဲခူးမြို့ ဖုန်း-၀၅၂-၂၂၀၀၀၇၆၊၀၅၂-၂၂၀၀၀၇၅ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us