အောင်ဆန်းပုံနှိပ်စက်ရုံရှိ နေသူရိန်အဆောက်အဦး သွပ်အမိုးနှင့် မျက်နှာကြက်ပြုပြင်ခြင်းလုပ်ငန်း

October 17, 2020
Views: 177
Tender ID: 13344
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စက်ပစ္စည်း/ အဆောက်အဦ ပြုပြင်ထိန်းသိမ်းခြင်း ဆိုင်ရာလုပ်ငန်းများ |
တင်ဒါကာလ: October 19, 2020 - November 4, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။        ပြန်ကြားရေးဝန်ကြီးဌာန  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊အောင်ဆန်းပုံနှိပ်စက်ရုံရှိနေသူရိန်အဆောက်အဦး (၁၈၀ပေ×၇၀)ပေ သွပ်အမိုးနှင့် မျက်နှာကြက်ပြုပြင်ခြင်းလုပ်ငန်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း မြန်မာ(ကျပ်)ငွေဖြင့် ပြည်တွင်းကုမ္မဏီများအား အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။         အိတ်ဖွင်ြတင်ဒါလျှောက်လွှာပုံစကို ၁၉-၁၀-၂၀၂၀ရက်မှ ၄-၁၁-၂၀၂၀ရက်အထိ နေ့စဉ် ရုံးချိန် ၉:၃၀နာရီမှ ၁၆:၃၀နာရီအတွင်း အောက်ပါလိပ်စာတွင် တင်ဒါပုံစံများကို တစ်စောင်လျှင် ငွေကျပ် ၂၀၀၀/-နှုန်းဖြင့် ဝယ်ယူနိုင်ပါသည်။တင်ဒါပုံစံများလာရောက်ဝယ်ယူရာတွင် ကုမ္မဏီ၏မှတ်ပုံတင်ကတ်ပြား (သို့မဟုတ်) လုပ်ငန်းလိုင်စင်မိတ္တူတင်ပြရမည်။

၃။         စျေးနှုန်းအဆိုပြုလွှာမပါသော နည်းပညာဆိုင်ရာ အဆိုပြုလွှာများကို  ၅-၁၁-၂၀၂၀ရက် မှ ၁၂-၁၁-၂၀၂၀ရက်အထိ နံနက် ၉:၃၀နာရီမှ ၁၆:၃၀နာရီအတွင်း ပြန်ကြားရေးဝန်ကြီးဌာန  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ရုံးအမှတ် (၇)နေပြည်တော်သို့  လာရောက်ပေးသွင်းရန်ဖြစ်ပါသည်။ သတ်မှတ်ရက်ထက်ကျော်လွန်တင်သွင်းသည့်လျှောက်လွှာများကို ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

၄။        တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များ အသေးစိတ်အချက်အလက်များကိုသိရှိလိုပါက ဖုန်း -၀၆၇-၄၁၂၂၀၃၊ ၀၆၇-၄၁၂၂၀၅ သို့  ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါပုံစံများထုတ်ယူရန်လိပ်စာ - ပြန်ကြားရေးဝန်ကြီးဌာန  ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ရုံးအမှတ် (၇)နေပြည်တော် ဖုန်း -၀၆၇-၄၁၂၂၀၃၊ ၀၆၇-၄၁၂၂၀၅

အမှတ် -၂၂၈၊သိမ်ဖြူလမ်း၊ရန်ကုန်ရုံး ဖုန်း -၀၁-၂၅၁၈၉၂၊ ၂၅၁၉၉၅

တင်ဒါတင်သွင်းရန်လိပ်စာ - အဆောက်အအုံများဆောက်လုပ်ခြင်းရောင်းချခြင်း ငှားရမ်းခြင်းလုပ်ငန်းကော်မတီ

ပြန်ကြားရေးဝန်ကြီးဌာနစီမံရေးရာဌာနခွဲ၊ရုံးအမှတ် (၇)နေပြည်တော် ဖုန်း -၀၆၇-၄၁၂၃၉၀

 

 

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us