ချင်းပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနအတွက် အဆောက်အဦး၊ လမ်းလုပ်ငန်း၊ ခြံစည်းရိုးကာရံခြင်းလုပ်ငန်းများ

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 19, 2020 - November 18, 2020
တည်နေရာ: ချင်းပြည်နယ်
Description
- :

၁။        ချင်းပြည်နယ် စီမံကိန်းရေးဆွဲရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အောက်ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်ရှိပါသဖြင့် စိတ်ဝင်စားသော မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ ထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(၁) ပြည်နယ်ရုံးရှေ့ခြံစည်းရိုးကာရံခြင်း (၁၇၀×၆)ပေ

          (၂) ထန်တလန်မြို့နယ်ရုံး ဝန်ထမ်းအိမ်ရာ (၂)ခန်းတွဲ (၂)ထပ် (၅၀×၃၀×၂၀)ပေတည်ဆောက်ခြင်း

          (၃) ဟားခါးခရိုင် (၂)ထပ် တည်ဆောက်ခြင်း (၅၀×၄၀×၂၄)ပေ

          (၄) မင်းတပ်မြို့နယ်ရုံး ဝန်ထမ်းအိမ်ရာ (၂)ခန်းတွဲ (၂)ထပ် (၅၀×၃၀×၂၀)ပေတည်ဆောက်ခြင်း

          (၅) ပလက်ဝမြို့နယ်ရုံး ဝန်ထမ်းအိမ်ရာ (၂)ခန်းတွဲ (၂)ထပ် (၅၀×၃၀×၂၀)ပေတည်ဆောက်ခြင်း

          (၆) မင်းတပ်ခရိုင်ရုံး အမိုးလဲလှယ်ခြင်း

          (၇) မတူပီမြို့နယ်ရုံး အဝင်လမ်း ကွန်ကရစ်ခင်းခြင်း (၁၅၀×၁၂)ပေ

          (၈) ကန်ပက်လက်မြို့နယ်ရုံး မြေထိန်းနံရံ တည်ဆောက်ခြင်း (၁၀၀×၁၂×၃.၅)ပေ

၂။         တင်ဒါပုံစံများကို ၁၉-၁၀-၂၀၂၀ရက်မှစ၍ ချင်းပြည်နယ် စီမံကိန်းဦးစီးရုံးတွင်ရောင်းချပါမည်။ ၁၈-၁၁-၂၀၂၀ရက်တွင် တင်ဒါပိတ်ပြီး တင်ဒါဖွင့်ရက်ကို တင်ဒါတင်သွင်းသူများထံ ဆက်သွယ်အကြောင်းကြားမည်ဖြစ်ပါသည်။

၃။         အသေးစိတ်သိရှိလိုသောအချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ချင်းပြည်နယ် စီမံကိန်းဦးစီးရုံး ဖုန်း-၀၇၀-၂၁၆၀၁၊ ၀၉-၂၄၅၀၆၀၁တို့သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်

တင်ဒါကော်မတီ

ချင်းပြည်နယ် စီမံကိန်းဦးစီးရုံး

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us