စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ခရိုင်/လမ်းအထူးအဖွဲ့များအတွက် ကတ္တရာ၊ ဘိလပ်မြေနှင့် သံချောင်းလုံး(ရွယ်စုံ) တို့အားဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 26, 2020 - November 16, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

တင်ဒါအမှတ်စဉ် -( /ပစ/၂၀၁၀ -၂၀၂၁ )

၁။        စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ခရိုင်/လမ်းအထူးအဖွဲ့များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ တိုင်း‌ဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ဆောက်ရွက်မည့် လမ်း-တံတားတည်ဆောက်ရေးလုပ်ငန်းများတွင် အသုံးပြုရန်လိုအပ်သည့် ကတ္တရာ၊ ဘိလပ်မြေနှင့် သံချောင်းလုံး(ရွယ်စုံ)တို့အား မြန်မာ(ကျပ်)ငွေဖြင့် ဝယ်ယူမည်ဖြစ်ပါ၍ စိတ်ပါဝင်စားသောလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။         အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများကို လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ရုံးတွင်အောက်ပါအစီအစဉ်အတိုင်း ဝယ်ယူတင်သွင်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်-

(က)      အိတ်ဖွင့်တင်ဒါလျှောက်လွှာစတင် ရောင်းချမည့်ရက် /ချိန်     -     ၂၆-၁၀-၂၀၂၀ရက် (ရုံးချိန်အတွင်း)

(ခ)       အိတ်ဖွင့်တင်ဒါလျှောက်လွှာ ပိတ်မည့်ရက် /ချိန်           -     ၁၆-၁၁-၂၀၂၀၊  ညနေ ၁၅:၀၀နာရီ

(ဂ)        တင်ဒါအာမခံကြေး(PO) တင်သွင်းရမည့်ရက် /အချိန်        -     ၁၇-၁၁-၂၀၂၀၊  ညနေ ၁၆:၀၀နာရီ

(ဃ)      အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်မည့်နေရာ                  -     စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မုံရွာမြို့

(င)       အိတ်ဖွင့် တင်ဒါဖွင့်မည့်ရက် /အချိန်                       -     ထပ်မံကြော်ညာပါမည်။

၃။        COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရန် တင်ဒါဖွင့်ပွဲကျင်းပမည့်အချိန်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော တည်ဆဲဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီဆောက်ရွက် သွားမည်ဖြစ်ပါသည်။

၄။         အသေးစိတ်အချက်အလက်များကို သိရှိလိုပါက လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး ဖုန်း -၀၇၁-၂၃၇၆၄ သို့ ဆက်သွယ်၍ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်းမေးမြန်းနိုင်ပါသည်။

တင်ဒါရွေးချယ်စိစစ်ရေးကော်မတီ

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us