စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန ခရိုင်/လမ်းအထူးအဖွဲ့များမှ ဆောက်ရွက်မည့် လမ်း-တံတားတည်ဆောက်ရေးလုပ်ငန်းများအတွက် လုပ်ငန်းတင်ဒါခေါ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: November 2, 2020 - November 20, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

တင်ဒါအမှတ်စဉ် -( /လင/၂၀၁၀ -၂၀၂၁ )

၁။        စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာန ခရိုင်/လမ်းအထူးအဖွဲ့များတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု/ တိုင်း‌ဒေသကြီး ခွင့်ပြုရန်ပုံငွေများဖြင့် ဆောက်ရွက်မည့် လမ်း-တံတားတည်ဆောက်ရေးလုပ်ငန်းများအား ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရန်အတွက် တိုင်းရင်သားပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းရှင်များသို့  အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။         အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများကို လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ရုံးတွင်အောက်ပါအစီအစဉ်အတိုင်း ဝယ်ယူတင်သွင်းနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်-

(က)      အိတ်ဖွင့်တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက် /ချိန်   -  ၂-၁၁-၂၀၂၀ရက် (ရုံးချိန်အတွင်း)

(ခ)       အိတ်ဖွင့်တင်ဒါလျှောက်လွှာပိတ်မည့်ရက် /ချိန်      -     ၂၀-၁၁-၂၀၂၀၊  ညနေ ၁၆:၀၀နာရီ

(ဂ)        တင်ဒါအာမခံကြေး(PO) တင်သွင်းရမည့်ရက် /အချိန်     -     ၂၃-၁၁-၂၀၂၀၊  ညနေ ၁၆:၀၀နာရီ

(ဃ)      အိတ်ဖွင့်တင်ဒါစိစစ်ရွေးချယ်မည့်နေရာနှင့်နေ့ရက်   -     ထပ်မံကြေညာပါမည်။

(င)       အိတ်ဖွင့် တင်ဒါဖွင့်မည့်ရက် /အချိန်                       -     ထပ်မံကြေညာပါမည်။

၃။        COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရန် တင်ဒါဖွင့်ပွဲကျင်းပမည့်အချိန်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော တည်ဆဲဥပဒေ၊ ညွှန်ကြားချက်များနှင့် အညီဆောက်ရွက် သွားမည်ဖြစ်ပါသည်။

၄။         အသေးစိတ်အချက်အလက်များကို သိရှိလိုပါက လမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး ဖုန်း -၀၇၁-၂၃၇၆၄ သို့ ဆက်သွယ်၍ လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်းမေးမြန်းနိုင်ပါသည်။

တင်ဒါရွေးချယ်စိစစ်ရေးကော်မတီ

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us