ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှဆောင်ရွက်မည့် ကွန်ကရစ်လမ်း၊ မြေထိန်းနံရံ၊ တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများအတွက် တင်ဒါခေါ်ယူခြင်း

October 17, 2020
Views: 164
Tender ID: 13386
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (လမ်း၊ တံတား) |
တင်ဒါကာလ: October 15, 2020 - November 15, 2020
တည်နေရာ: ရန်ကုန်တိုင်းဒေသကြီး
Description
- :

၁။        ရန်ကုန်တိုင်းဒေသကြီးအစိုးရ၊ တိုင်းဒေသကြီးစည်ပင်သာယာ‌ရေးဝန်ကြီးဌာန တင်ဒါကော်မတီသည် ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ဆောင်ရွက်ရန်လျာထားသော ကွန်ကရစ်လမ်း(၂၂)လမ်း (၃မိုင် ၂.၆၁၆ဖာလုံ)၊ မြေထိန်းနံရံ (၁)ခု ၊ တံတားတစ်စင်းတည်ဆောက်ခြင်းလုပ်ငန်းများအား အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် တိုင်းရင်းသားများပိုင် ပြည်တွင်းကုမ္မဏီများအား တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။         တင်ဒါများကို နည်းပညာပိုင်းဆိုင်ရာ အဆိုပြုလွှာနှင့် ငွေကြေးဆိုင်ရာ အဆိုပြုလွှာဟူ၍ သီးခြားစာအိတ်များဖြင့် တင်ဒါတင်သွင်းသူများလိုက်နာရန်  ညွှန်ကြားချက်များ( Instruction to tenders) နှင့်အညီတင်သွင်းရန်ဖြစ်ပါသည်။

၃။         တင်ဒါစာရွက်စာတမ်း အပြည့်အစုံကို ၁၅-၁၀-၂၀၂၀ရက်မှစတင်၍ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးတွင် ရုံးချိန်အတွင် ဝယ်ယူနိုင်ပြီးအိတ်ဖွင့်တင်ဒါကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်ဖောက်သွားမည်ဖြစ်ပါသည်။

(က)      တင်ဒါတင်သွင်းရမည့်ရက် /အချိန်                   -     ၁၅-၁၁-၂၀၂၀ (နံနက် ၉နာရီ)

(ခ)       တင်ဒါဖွင့်ဖောက်စစ်ဆေးမည့်ရက်/အချိန်   -     ၁၅-၁၁-၂၀၂၀ (နံနက်၁၀နာရီ)

(ဂ)       တင်ဒါစိစစ်ရွေးချယ်မည့်နေရာ                       -     ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး

၄။         အသေးစိတ်အချက်အလက်များနှင့် တင်ဒါ‌လျှောက်လွှာပုံစံများကို ခရမ်းမြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး    ဖုန်း -၀၉-၄၂၁၀၂၁၃၂၅၊ ၀၉-၇၆၈၄၀၆၉၉၈၊ ၀၅၆-၃၀၀၃၆ တို့သို့ ဆက်သွယ်‌မေးမြန်းနိုင်ပါသည်။

တင်ဒါကော်မတီ

ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာ‌ရေးဝန်ကြီးဌာန

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us