ပဲခူးတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ဓာတ်ခွဲခန်းသုံးပစ္စည်းများ ဝယ်ယူတင်သွင်း တပ်ဆင်ခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဓာတုဗေဒ၊ ဆိုးဆေးနှင့် ဓာတ်ခွဲခန်းသုံးပစ္စည်းများ |
တင်ဒါကာလ: October 20, 2020 - November 10, 2020
တည်နေရာ: ပဲခူးတိုင်းဒေသကြီး
Description
- :

ပဲခူးတိုင်း‌ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေအစီအစဉ်ဖြင့် ပဲခူးမြို့/တိုင်းဒေသကြီးဦးစီးမှူးရုံးဝင်းအတွင်းရှိ မြေအသုံးချရေး၊ မျိုးစေ့၊ သီးနှံကာကွယ်ရေး ဓာတ်ခွဲခန်း(၃)ခုအတွက် လိုအပ်လျက်ရှိသော ဓာတ်ခွဲခန်းသုံးပစ္စည်းများအား ဝယ်ယူတင်သွင်း တပ်ဆင်ခြင်းလုပ်ငန်းအား ဆောင်ရွက်သွားမည် ဖြစ်ပါသဖြင့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(၁) မြေအသုံးချမှုရေးဆိုင်ရာဓာတ်ခွဲခန်းသုံးပစ္စည်းများဝယ်ယူတင်သွင်း တပ်ဆင်ခြင်းလုပ်ငန်း              Lot-1

            (၂) မျိုးစေ့ဆိုင်ရာဓာတ်ခွဲခန်းသုံးပစ္စည်းများဝယ်ယူတင်သွင်း တပ်ဆင်ခြင်းလုပ်ငန်း                               Lot-2

            (၃) သီးနှံကာကွယ်ရေးဆိုင်ရာဓာတ်ခွဲခန်းသုံးပစ္စည်းများဝယ်ယူတင်သွင်း တပ်ဆင်ခြင်းလုပ်ငန်း             Lot-3

တင်ဒါ‌လျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များရောင်းချခြင်းကို အောက်ပါအစီအစဉ်အတိုင်းပိတ်ရက်မရှိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

တင်ဒါပုံစံရောင်းချမည့်နေရာ                    -     စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး ပဲခူးမြို့

တင်ဒါပုံစံရောင်းချမည့်ရက်                      -     ၂၀-၁၀-၂၀၂၀ရက်မှ ၁၀-၁၁-၂၀၂၀ရက်အထိ

တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက်         -     ၃၀-၁၁-၂၀၂၀ရက် ညနေ ၄:၃၀နာရီ

တင်ဒါတင်သွင်းရမည့်နေရာ                     -     စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံး ပဲခူးမြို့

အသေးစိတ်သိရှိလိုပါကဖုန်း-၀၅၂-၂၂၂၂၃၁၈၊ ၀၉-၇၇၈၁၁၅၁၉၇၊ တိုင်းမြေအသုံးချ တာဝန်ခံ-ဖုန်း- ၀၉-၄၂၈၁၁၂၉၅၉ တိုင်းမျိုးစေ့ တာဝန်ခံများ -၀၉-၇၉၁၁၇၇၄၅၆၊ တိုင်းသီးနှံကာကွယ်ရေးတာဝန်ခံ -ဖုန်း-၀၉-၇၉၄၂၇၂၇၃၇ သို့ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါခေါ်ယူရေးကော်မတီ

ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး စိုက်ပျိုးရေးဦးစီးဌာန ပဲခူးမြို့

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us