မြဝတီခရိုင်၊ ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ဝန်ထမ်းအိမ်ရာတည်‌ဆောက်ခြင်းလုပ်ငန်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 13, 2020 - November 28, 2020
တည်နေရာ: ကရင်ပြည်နယ်
Description
- :

၁။     စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြဝတီခရိုင်၊ ပိုးမွှားထိန်းချုပ်ရေးစခန်းမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်  ပြည်ထောင်စု(ငွေလုံးငွေရင်း) အသုံးစရိတ်ဖြင့် အောက်ပါတည်ဆောက်ရေးလုပ်ငန်းကို ဆောင်ရွက်ရန်ရှိပါသဖြင့် မြန်မာနိုင်ငံသားကုမ္မဏီလုပ်ငန်းရှင်များအား အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(က)      (၄)ခန်းတွဲဝန်ထမ်းအိမ်ရာRC (၂)ထပ် (၈၀ˊ×၃၅ˊ×၂၂ˊ) (၁)လုံး ရေ၊မီး၊ မိလ္လာ Apron & Drain အပါအဝင်                     

လုပ်ငန်းတည်နေရာ   -   မြဝတီခရိုင်                        

Lot No  -  Lot.7

၂။ တင်ဒါကြေးသွင်းလိုသူများသည် သက်ဆိုင်ရာလုပ်ငန်းများသတ်မှတ်ထားသည့် တင်ဒါအာမခံကြေးပေးသွင်းပြီးမှ အိတ်ဖွင့်တင်ဒါပုံစံတင်သွင်းရမည်။

၃။         အိတ်ဖွင့်တင်ဒါပုံစံရောင်းချမည့်/တင်သွင်းရမည့် လိပ်စာမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

တင်ဒါရောင်းချမည့်ရက်                           -၁၃-၁၀-၂၀၂၀

တင်ဒါပိတ်မည့်ရက်                                 -၂၈-၁၀-၂၀၂၀

တင်ဒါတင်သွင်းရမည့်နေရာ                     -ပြည်နယ်စိုက်ပျိုးရေးဦးစီးမှူးရုံး၊ ဘားအံမြို့

အသေးစိတ်သိရှိလိုပါက ဖုန်း-၀၉-၄၂၉၈၉၈၀၀၀၊ ၀၅၈-၂၃၄၄၂၊ ၀၅၈-၂၂၀၆၅သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

(တင်ဒါဖွင့်မည့်ရက်အားကြိုတင်ဆက်သွယ်၍ အကြောင်ကြားပေးသွားမည်ဖြစ်ပါသည်။)

အိတ်ဖွင့်တင်ဒါစိစစ်ရေးအဖွဲ့

ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ဘားအံမြို့

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us