သတ္တုတွင်းဦးစီးဌာန  တနင်္သာရီတိုင်း‌ဒေသကြီးရုံးမှ ရုံးအဆောက်အဦးတည်ဆောက်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: October 27, 2020 - November 20, 2020
တည်နေရာ: တနင်္သာရီတိုင်းဒေသကြီး
Description
- :

၁။        သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သတ္တုတွင်းဦးစီးဌာန  တနင်္သာရီတိုင်း‌ဒေသကြီးရုံးမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် တနင်္သာရီတိုင်း‌ဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့၊ ဆန်းချီရပ်ကွက်၊ အကွက်အမှတ်/အမည်-၂၄/တိုးချဲ့မြို့ကွက်သစ်၊ ဦးပိုင်အမှတ် (၉၅၊ ၉၆) စုပေါင်းမြေဧရိယာ (၀ ဒသမ ၁၁၀) ဧကတွင် (၇၂×၃၃)ပေ၊ (၄)ခန်းတွဲ RC(၂) ထပ် ရုံးအဆောက်အဦး(၁)လုံး(ရေ၊မီး၊ သွယ်တန်းခြင်းနှင့်အခွန်အခများ အပါအဝင်) တည်ဆောက်ရေးအတွက် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များအား သတ်မှတ်ချက်နှင့်အညီ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

(က)      တင်ဒါပုံစံစတင်ရောင်းချမည့်ရက်/အချိန်  -၂၇-၁၀-၂၀၂၀ရက် (အင်္ဂါနေ့)    နံနက် ၁၀နာရီ

(ခ)       တင်ဒါရောင်းချမည့်နေရာ   - တနင်္သာရီတိုင်း‌ဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန၊ ထားဝယ်မြို့၊  အာဇာနည်လမ်း၊ ဗျောတောဝရပ်ကွက်၊ ထားဝယ်မြို့။                                                                                 (ဘူမိဗေဒလေ့လာရေးနှင့်ဓာတ်သတ္တုရှာဖွေရေးဦးစီးဌာန၊ ကွင်းဆင်းအခြေစိုက်စခန်းရုံးဝင်းအတွင်း၊ထားဝယ်ဟိုတယ်အနီး)

(ဂ)       တင်ဒါလျှောက်လွှာတင်သွင်းရမည့် နောက်ဆုံးရက် /အချိန်        -၂၀-၁၁-၂၀၂၀ရက် (သောကြာနေ့) ညနေ ၁၆:၀၀နာရီ

(ဃ)      တင်ဒါစိစစ်ရွေးချယ်မည့်ရက်                  - ဆက်သွယ်ကြောင်းကြားပါမည်။

၂။         အသေးစိတ် သိရှိလိုပါက တနင်္သာရီတိုင်း‌ဒေသကြီး၊ သတ္တုတွင်းဦးစီးဌာန၊ ထားဝယ်မြို့ ဖုန်း-၀၅၉-၂၀၂၂၃၇၉သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

 

 

 

 

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us