လမ်းအထူးအဖွဲ့ (၇) ကလေးဝမြို့မှ စက်သုံးဆီနှင့် လမ်းခင်းပစ္စည်းများဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ရေနံထွက်ပစ္စည်း၊ သဘာဝဓာတ်ငွေ့နှင့် စက်သုံးဆီရောင်းဝယ်ရေး |
တင်ဒါကာလ: November 9, 2020 - November 24, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

တင်ဒါအမှတ်စဉ် -( /၂၀၁၀ -၂၀၂၁ )

၁။        စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၇) ကလေးဝမြို့မှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးနှင့် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့်ဆောင်ရွက်မည့်လုပ်ငန်းများအတွက် စက်သုံးဆီနှင့် လမ်းခင်းပစ္စည်းများကို မြန်မာကျပ်ငွေဖြင့်ဝယ်ယူလိုပါသည်။ စိတ်ဝင်စားသည့်ပုဂ္ဂလိကလုပ်ငန်းရှင်များသို့ အိတ်ဖွင့်တင်ဒါပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။         အသေးစိတ်အချက်အလက်များကို သိရှိလိုပါကစစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၇) ကလေးဝမြို့၊ ဖုန်း-၀၇၃-၄၄၀၀၅ သို့  ရုံးချိန်အတွင်း လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။

၃။         တင်ဒါလျှောက်လွှာပုံစံများကို စစ်ကိုင်းတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ လမ်းအထူးအဖွဲ့ (၇) ကလေးဝမြို့တွင်‌ အောက်ပါအစီအစဉ်အတိုင်း ဝယ်ယူနိုင်ကြောင်း အသိပေးကြေညာအပ်ပါသည်။

(က)     တင်ဒါလျှောက်လွှာစတင်ရောင်းချမည့်ရက်            - ၉-၁၁-၂၀၂၀(ရုံးချိန်အတွင်း)

(ခ)       အိတ်ဖွင့်တင်ဒါလျှောက်လွှာပိတ်မည့်ရက်               -၂၄-၁၁-၂၀၂၀ (မွန်းတည့် ၁၂နာရီ)

(ဂ)       တင်ဒါလျှောက်လွှာနောက်ဆုံးတင်သွင်းရမည့်ရက်   -၂၅-၁၁-၂၀၂၀(မွန်းလွဲ ၁နာရီ)

(ဃ)     တင်ဒါလျှောက်လွှာဖွင့်မည့်ရက်                            - ၂၅-၁၁-၂၀၂၀(မွန်းလွဲ ၂နာရီ)

(င)       တင်ဒါလျှောက်လွှာဖွင့်လှစ်မည့်နေရာ                    -လမ်းဦးစီးဌာနဧည့်ရိပ်သာ၊ ကလေးဝမြို့

၄။         COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမဖြစ်စေရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်သော ညွှန်ကြားချက်များနှင့်အညီ တင်ဒါစိစစ်ရွေးချယ်ခြင်းအစီအစဉ်အား ဆောင်ရွက်သွားမည်ဖြစ်ပြီး အစီအစဉ်ပြောင်းလဲမှု ဖြစ်ပေါ်ပါက ထပ်မံအသိပေးသွားမည်ဖြစ်ပါသည်။

၅။         အသေးစိတ်အချက်အလက်များကို သိရှိလိုပါက လမ်းဦးစီးဌာန၊ ဒုတိယလက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ဖုန်း -၀၇၃-၄၄၀၀၅သို့ဆက်သွယ်၍လည်းကောင်း လူကိုယ်တိုင်လာရောက်၍သော်လည်းကောင်း မေးမြန်းနိုင်ပါသည်။

တင်ဒါရွေးချယ်စိစစ်ရေးကော်မတီ

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us