နေပြည်တော်ဆည်မြောင်း၊ တည်ဆောက်ရေး(၅) အတွက် တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး ပစ္စည်း ရောင်းဝယ်ခြင်း |
တင်ဒါကာလ: October 28, 2020 - November 11, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။        ပြည်ထောင်စုနယ်မြေ၊ ‌နေပြည်တော်အတွင်း  ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေဖြင့် ကျပ်(၁၀) သန်းမှ ကျပ်သန်း(၁၀၀) အထိ လုပ်ငန်းများမှ တည်ဆောက်ရေးလုပ်ငန်း ပစ္စည်းများ လုပ်ငန်းခွင်အရောက်ဝယ်ယူခြင်းအတွက် တင်ဒါခေါ်ဆိုရာတွင် ရောင်းချပေးသွင်းလိုသူများထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။         အိတ်ဖွင့်တင်ဒါပုံစံ၊ စည်းကမ်းချက်များနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်များနှင့် သိရှိလိုသည်များကို အောက်ပါလိပ်စာနှင့် ဖုန်းနံပါတ်များတွင် ရုံးချိန်အတွင်း မေးမြန်းစုံစမ်းနိုင်ပါသည်။

၃။ (က) တင်ဒါအဆိုပြုလွှာ စတင်ရောင်းချမည့်ရက်/အချိန်   -၂၈-၁၀-၂၀၂၀ရက်

(Profile အထောက်အထားများ တင်ပြရမည်)

(ခ) လျှောက်လွှာ အရောင်းပိတ်မည့်ရက်                            -၁၁-၁၁-၂၀၂၀ရက်

(ဂ) တင်ဒါဖွင့်မည့် ရက်/အချိန်                                          -၁၅-၁၁-၂၀၂၀ရက် (နံနက် ၁၀ နာရီ)

(ဃ) တင်ဒါဖွင့်ဖောက် စိစစ်မည့်နေရာ                               -ညွှန်ကြားရေးမှူးရုံးဝင်း(ဓမ္မာရုံ)၊ သဲကုန်းဆည်မြောင်းဝင်း၊ တည်ဆောက်ရေး (၅)၊ ပျဉ်းမနားမြို့

မှတ်ချက် ။         ။ လက်တလောဖြစ်ပွားနေသည့် Covid-19 ရောဂါခြေအနေကြောင့်ဖော်ပြပါရက်များ ဖွင့်လှစ်မည့် အစီအစဉ်များ ပြောင်းလဲမှုများရှိပါက ထပ်မံအသိပေးကြေညာပါမည်။

အသေးစိတ်သိရှိလိုပါက ဖုန်း-၀၉-၇၉၉၂၂၀၃၆၇၊ ၀၉-၇၉၇၉၀၈၇၇၉၊ ၀၉-၄၂၀၇၁၆၀၄၄ (con5npwtender@gmail.com)သို့ ရုံးချိန်အတွင်း စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တည်ဆောက်ရေး(၅)

နေပြည်တော်

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us