ပြည်ထောင်စုရာထူးဝန်အဖွဲ့မှ e-Recruitment and Integrated Civil Service System Phase-1 အကောင်အထည်ဖော်ဆောင်ရွက်ရန် တင်ဒါခေါ်ယူခြင်း

October 21, 2020
Views: 184
Tender ID: 13600
တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | သတင်းအချက်အလက်၊ ကွန်ယက်နှင့် နည်းပညာလုပ်ငန်း |
တင်ဒါကာလ: October 21, 2020 - November 4, 2020
တည်နေရာ: နေပြည်တော်
Description
- :

၁။        ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဌရုံးအဖွဲ့မှ အကောင်အထည်ဖော်ဆောင်ရွက်မည့် e-Recruitment and Integrated Civil Service System Phase-1 (Turnkey Solution) လုပ်ငန်းအားမြန်မာကျပ်ငွေဖြင့် ဆောင်ရွက်သွားရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်အပ်ပါသည်။

၂။         တင်ဒါပုံစံနှင့် တင်ဒါစည်းမျဉ်းစည်းကမ်းများကို ရုံးချိန်အတွင်း ဖုန်း (သို့) E-mail ဖြင့်ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပြီး တင်ဒါပုံစံများကို ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဌရုံးအဖွဲ့အောက်ရှိ ၊e-Government Section ရုံးအမှတ်(၁၇)၊ နေပြည်တော် တွင်လာရောက်ဝယ်ယူနိုင်ပါသည်။ ဝယ်ယူရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Covid-19 ရောဂါဆိုင်ရာ ညွှန်ကြားချက်အတိုင်းလိုက်နာဆောက်ရွက်၍ ကုမ္မဏီတစ်ခုလျှင် ကိုယ်စားလှယ်(၁)ဦးသာ လာရာက်ဝယ်ယူရန် မေတ္တာရပ်ခံအပ်ပါသည်။ တင်ဒါကြော်ငြာအား ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ (www.ucsb.gov.mm) website တွင်လည်း ကြေညာမည်ဖြစ်ပါသည်။

တင်ဒါပုံစံစတင်ရောင်းချမည့်ရက်              -၂၁-၁၀-၂၀၂၀ရက် (ဗုဒ္ဓဟူးနေ့)     နံနက် ၉:၃၀နာရီ

တင်ဒါပုံစံနောက်ဆုံးရောင်းချမည့်ရက်       -၄-၁၁-၂၀၂၀ရက် (ဗုဒ္ဓဟူးနေ့)    ညနေ ၄:၃၀နာရီ

တင်ဒါပုံစံနှင့် တင်ဒါအဆိုပြုလွှာမျာ နောက်ဆုံးတင်သွင်းရမည့်ရက်နှင့်အချိန်          -၂၀-၁၁-၂၀၂၀ရက်   (သောကြာနေ့)ညနေ ၃နာရီ

တင်ဒါပုံစံနှင့် တင်ဒါအဆိုပြုလွှာများ တင်သွင်းရမည့်နေရာ           - e-Government Section၊ ဥက္ကဌရုံးအဖွဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ရုံးအမှတ်(၁၇)၊ နေပြည်တော်

၃။        အသေးစိတ်အချက်အလက်များအား သိရှိလိုပါက ၊e-Government Section ၊  ဥက္ကဌရုံးအဖွဲ့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ တင်သွင်းရမည့်နေရာ ရုံးအမှတ်(၁၇)၊ နေပြည်တော် ၀၆၇-၃၄၀၉၆၈၀၊ ၀၉-၉၈၅၁၅၇၇၃၅ နှင့်  Email: egov@ucsbmm.on.microsoft.com တို့တွင် ဆက်သွယ်စုံစမ်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us