လွိုင်ကော်ခရိုင်နှင့်ဘော်လခဲခရိုင်အတွင်းရှိ လမ်း/တံတားနှင့် တည်ဆောက်ရေးလုပ်ငန်းများအတွက် (QA/QC) နှင့် Engineering Consultant များ ဖိတ်ခေါ်ခြင်း

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | စီမံကြီးကြပ်မှုနှင့် အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ |
တင်ဒါကာလ: October 20, 2020 - November 20, 2020
တည်နေရာ: ကယားပြည်နယ်
Description
- :

ကယားပြည်နယ်အစိုးရအဖွဲ့

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန

ကယားပြည်နယ်ဖွံ့ဖြိုးမှုးကြီးကြပ်ရေးရုံး

နယ်စပ်ဒေသဖွံ့ဖြိုးရေး(မူလ)ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများတွင် အရည်သွေးစစ်ဆေးရေး(QA/QC)အတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း

 

၁။     ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ကယားပြည်နယ် နယ်စပ်ဒေသဖွံ့ဖြိုးရေး(မူလ)ရန်ပုံငွေဖြင့်  ကယားပြည်နယ် လွိုင်ကော်ခရိုင်နှင့်ဘော်လခဲခရိုင်အတွင်းရှိ လမ်း/တံတားနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် အရည်အသွေး စစ်ဆေးရေး (QA/QC)အဖွဲ့တာဝန်များပေးအပ် ဆောင်ရွက်ရန် ရှိပါသဖြင့် (QA/QC) နှင့် (Engineering Consultant) လုပ်ငန်းများသာသီးသန့်လုပ်ကိုင်သော မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

၂။      (QA/QC)လုပ်ငန်းများအတွက် ဝန်ဆောင်ခအဖြစ် တင်ဒါအောင်မြင်သောလုပ်ငန်းတန်ဖိုး၏(၂%) ကို ပြည်နယ်အစိုးရမှ ပေးချေသွားမည်ဖြစ်ပြီး တင်ဒါလျှောက်ထားသူများကို စိစစ်ရွေးချယ်ရာတွင် တင်ပြသောအဖွဲ့အစည်း၏ Profile, Performance, Experience, Power Point Presentation နှင့် Zoom Interviewရမှတ်များအပေါ်တွင် အခြေခံ၍ ရွေးချယ်သွားမည်ဖြစ်ပါသည်။

(က)   အိတ်ဖွင့်တင်ဒါစတင်ရောင်းချ/တင်သွင်းရမည့်ရက်    -၂၀-၁၀-၂၀၂၀ ရက်(အင်္ဂါနေ့) (ရုံးချိန်အတွင်း)မှ   ၂၀-၁၁-၂၀၂၀ရက်(သောကြာနေ့) (ရုံးချိန်အတွင်း) အထိ

(ခ)    အိတ်ဖွင့်တင်ဒါပိတ်မည့်ရက်နှင့်အချိန်                    - ၂၀-၁၁-၂၀၂၀ရက်(သောကြာနေ့) ၁၆:၃၀နာရီ

အသေးစိတ်သိရှိလိုပါက ကယားပြည်နယ်ဖွံ့ဖြိုးမှုးကြီးကြပ်ရေးရုံး၊ သီဟလမ်း၊ မင်းစုရပ်ကွက်၊ လွိုင်ကော်မြို့ ၊ ဖုန်း-၀၈၃-၂၂၂၁၆၄၄ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

 

 

 

Contact Information
Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us