တမူးခရိုင်ဦးစီးမှူးရုံးဆောက်လုပ်ခြင်းလုပ်ငန်း (စားသုံးသူရေးရာဦးစီးဌာန-စစ်ကိုင်း)

တင်ဒါအသေးစိတ်
တင်ဒါ အမျိုးအစား: အိတ်ဖွင့်တင်ဒါ
လုပ်ငန်း အမျိုးအစား: | ဆောက်လုပ်ရေး (အဆောက်အဦ) |
တင်ဒါကာလ: November 3, 2020 - December 3, 2020
တည်နေရာ: စစ်ကိုင်းတိုင်းဒေသကြီး
Description
- :

၁။        စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးကြပ်ဆောင်ရွက်မည့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်ဦးစီးမှူရုံး (၅၀ˊ×၃၅ˊ×၂၄ˊ)RC (၂) ထပ်(အတွင်းရေ၊ မီး၊ မိလ္လာ) (Apron & Drain အပါ)၊ ဆောက်လုပ်ခြင်းလုပ်ငန်းအတွက် အိတ်ဖွင့်တင်ဒါများတင်သွင်းရန်ဖိတ်ခေါ်အပ်ပါသည်။

(က)     တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်နေရာ              - စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊  စီးပွားရေးတက္ကသိုလ် အနောက်ဘက်လမ်းနှင့်   ရသုံးမှန်းခြေလမ်းထောင့်၊ မုံရွာမြို့

(ခ)       တင်ဒါလျှောက်လွှာပုံစံရောင်းချမည့်ရက် /အချိန်      - ၃-၁၁-၂၀၂၀ရက်မှ ၃-၁၂-၂၀၂၀(ရုံးချိန်အတွင်း)

(ဂ)       တင်ဒါလျှောက်လွှာတင်သွင်းရမည့်နေရာ                - စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မုံရွာမြို့

(ဃ)      တင်ဒါနောက်ဆုံးတင်သွင်းရမည့်ရက် /အချိန်          - ၃-၁၂-၂၀၂၀ ရက် ၁၃:၀၀နာရီ

(င)       တင်ဒါဖွင့်မည့်နေရာ                                            - စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ဝန်ကြီးရုံး၊ မုံရွာမြို့။

၂။         တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များကို အသေးစိတ်သိရှိလိုပါက စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး၊ စားသုံးသူရေးရာဦးစီးဌာန၊ စီးပွားရေးတက္ကသိုလ် အနောက်ဘက်လမ်းနှင့် ရသုံးမှန်းခြေလမ်းထောင့်၊ မုံရွာမြို့၊ ဖုန်း-၀၇၁-၂၁၀၂၀၊ ၀၇၁-၂၃၅၉၅ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

စစ်ကိုင်းတိုင်းဒေသကြီး

 

 

 

 

Report This Listing
Login Required
Shedule a Test Drive
Apply For TradeIn With Us